Search Box

Members

Friday, February 1, 2013

ကိုယ်ပိုင်ထုတ်လုပ်ရေး Queen Jewel ထုတ်လုပ်ရေးကနေ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး သွားမယ့် ရတနာ ဖြူဖြူအောင်

‘ဧဒင်မြို့သူများ’ ဆိုတဲ့ဇာတ်ကားမှာ တအားစွာတဲ့ Green  အဖြစ် သရုပ်ဆောင်နေတဲ့ ရတနာ ဖြူဖြူအောင်က ဒီဇာတ်ရုပ်မှာ ရိုက်ကူးရတာကိုလည်း ကျေနပ်မှုရှိပြီး ပရိ သတ်တွေရဲ့နေ့စဉ်အမောကို ဇာတ် ကားတွေကြည့်ရင်း ဖြေရတာကြောင့်ဒီကားကြည့်ပြီး စိတ်အပန်း ပြေစေမှာပါလို့ ပြောပါတယ်။ ရတနာဖြူဖြူအောင်က ‘အချစ်’ ဆိုတဲ့ ဒီဗီဒီဇာတ်ကားနဲ့ ‘အချစ် နဲ့ သူငယ်ချင်း’ ဆိုတဲ့ ဇာတ်ကားတွေ ကို ရိုက်ကူးထားပါတယ်။ ရတနာ ဖြူဖြူအောင်က ကိုယ်ပိုင်ထုတ်လုပ် ရေးဖြစ်တဲ့ Queen Jewel  ထုတ်
လုပ်ရေးကနေ ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးသွားမှာလို့ လည်း သိရပါတယ်။ ရတနာ ဖြူဖြူအောင်က အနုပညာလောကကို ‘မချောဆယ်ယောက် ကိုယ်တစ်   ယောက်’ ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့တယ်လို့ ပြောပြတာကြောင့် “အနု ပညာလောကထဲ စဝင် တာဆရာဂျွန်လွင်ဆီမှာ မော်ဒယ် သင်တန်းတက်တယ်။ ပြိုင်ပွဲတွေဝ င်ပြိုင်တယ်။ ရွှေမင်္ဂလာစုံတွဲပွဲမှာ People Choice ဆုရတယ်။ ပြီးတော့ မချောဆယ်ယောက်ကားကခေါ်ပြီးရိုက်တော့မှ ဒီလောကထဲ ရောက်လာတာ။ တကယ်လို့ ဇာတ် ကားရိုက်ကူးမှုတွေမှာအမှားပါခဲ့ရင်လည်း ပရိသတ်တွေ နားလည်ပြီး ကြည့်ပေးကြပါ။ အခု ‘ဧဒင်မြို့သူများ’ ဇာတ်ကားမှာ တအားစွာတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆော င်ရတယ်။ ဇာတ်လေးကလည်း ပဟေဠိဆန်ဆန်ပုံစံလေးဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီကားက ၃ကားမြောက်ဇာတ်ကားပါ။ ဇာတ်ကားတွေက တစ်ကားနဲ့တစ် ကား ဇာတ် ရုပ်တွေမတူဘူး။ ဒါရိုက်တာတွေ သင်ပေးတဲ့အတိုင်း အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ အခက်အခဲတွေရှိပေမယ့် ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့  စိတ်နဲ့ပဲ ကြိုးစား ရတာပေါ့” လို့ ပြောပြပါတယ်။ရတနာဖြူဖြူအောင်က ပြင်ဦးလွင်မှာ စိုင်းစိုင်းခမ်းလှိုင်၊ ဟိန်းဝေယံ၊ မိုးယုစံတို့နဲ့ ဒီဗီဒီကား ရိုက်ကူးဖို့ရှိပြီး ဇာတ်ကားတွေ ဆက်တိုက်ရိုက် ကူးသွားမယ်လို့ ပြောပြခဲ့ ပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးခွင့်မရတော့ပေမယ့် ဒီဇာတ်ကား အတွက်ရိုက်ကူးခွင့်ဇာတ်လမ်းတင် ထားတာ ကျပြီးဖြစ်လို့ ရိုက်ကူးတာ   ဖြစ်ပြီး နောက်ပိုင်းမှတင်တဲ့ ဇာတ်ကားတွေကိုတော့ရိုက်ကူးခွင့်မရဘူးလို့ သိရပါတယ်။
 မေမွန်မောင်

No comments:

Post a Comment

Flag Counter