Search Box

Members

Friday, February 1, 2013

“မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ဟန်သီ”

မော်ဒယ်ဟန်သီက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ၈ကြိမ်မြောက် Asia New Star Model Contest 2013ကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို သွားရောက်မယှဉ်ပြိုင်ခင်က ပြိုင်ပွဲအတွက် ဘယ်လို တွေပြင်ဆင်ထားလဲလို့ ဟန်သီကို မေးကြည့်တော့ ”တအား လည်း စိတ်လှုပ်ရှားတယ်။ ဟိုမှာ သွားရောက်ပြိုင်ပွဲ ဝင်ရမှာဆိုတော့ တအားလည်းပျော်တယ်။ အဲဒီအတွက်လည်း အများကြီး ပြင်ဆင်ထားပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံကို သွားရမှာဆိုတော့ Skin Careကို အဓိကထား လုပ်ဖြစ်တယ်။ သူတို့နိုင်ငံအကြောင်း လေ့လာဖြစ်တယ်။ အချိန်မပေးနိုင်ပေမယ့် ရတဲ့အချိန်လေးမှာ တော့ တတ်နိုင်သမျှ လေ့လာထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ကိုရီးယားအနုပညာနဲ့ ပတ်သက်တဲ့ ပညာတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာဖြစ်မယ်လို့ ပြော တဲ့ ဟန်သီက “ကိုရီးယားမှာလည်ဖြစ်မယ်။ သမီးက ဖက်ရှင်တွေကို စိတ်ဝင်စားတော့ ဟိုမှာ ကိုရီးယားဖက်ရှင်တွေကို အရင်လေ့လာမယ်။ ဟိုကိုရောက်သွား ရင်လည်း ဘယ်လိုဖြစ် မလဲဆိုတာ တအားလည်းသိချင်တယ်။ လျှောက်လည်မယ်။ လက်ဆောင်တွေရော၊ အမှတ်တရပစ္စည်းတွေရော ဝယ်ဖြစ်မှာပါ”လို့ပြောပြပါတယ်။မြန်မာနိုင်ငံမှာကျင်းပတဲ့ ပွဲတွေမှာလည်း ဆုတွေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဝမ်းသာဂုဏ်ယူနေတဲ့အချိန်မှာ အာရှ နိုင်ငံကလူတွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ကိုရီးယားကိုသွားရောက်ယှဉ်ပြိုင်ရလို့ပိုပြီးဂုဏ်ယူ မိကြောင်းကိုလည်းဟန်သီက “တအားဂုဏ်ယူတယ်။ မြန်မာ နိုင်ငံကိုယ်စားပြုဆိုတာက လူတိုင်းဖြစ်ချင်ပေ မယ့် ဖြစ်နိုင်ချင်မှ ဖြစ်တာလေ။ ပြီးတော့ ကြော်ငြာတွေလည်း ကမ်းလှမ်းထားတာရှိတယ်။ ဒီထက်ပိုပြီး ကောင်းအောင်လည်း ကြိုးစားသွားမယ်”လို့ ပြောပြပါတယ်။ မော် ဒယ်တစ်ဦးဖြစ်တဲ့ ဟန်သီက နိုင်ငံကျော် မော်ဒယ်တစ်ယောက် အဖြစ်ရပ် တည်ချင်ပါတယ်လို့လည်း သူရဲ့ စိတ်ကူးအိပ်မက်ကို ဖွင့်ဟပြောပြခဲ့ပါတယ်။သိမ့်သိမ့်

1 comment:

Flag Counter