Search Box

Members

Friday, February 1, 2013

“၂ဝ၁၃နှစ်သစ်မှာမြန်မာပြည်အတွက် ကံကောင်းခြင်း လက်ဆောင်တစ်ခု (သို့မဟုတ်) အာရှ မော်ဒယ်ပြိုင်ပွဲမှာ ပထမဆုရယူနိုင်ခဲ့သူ ထွန်းကိုကို”

”မမို့က Corerana အလှ ကုန် ရဲ့ brand ambassador လည်း ဖြစ်တယ်။ မမို့တို့ Aqua Land ကုမ္ပဏီက ဒီပြိုင်ပွဲအတွက် စပွန်ဆာ ပေးထားတယ်။ Asia New Star မှာ ၁၃နိုင်ငံပြိုင်တာ မြန်မာပြည်က ပထမဆုံးဝင်ပြိုင်တာ ပထမဆုရခဲ့ တယ်ဆိုတော့ ဂုဏ်ယူစရာပဲ။ Aqua Land ဘက်က မိသားစုအနေနဲ့ ရောပေါ့။ ဒီကလေးက တိတိကျကျ မှန်မှန်ကန်ကန်ကို ရခဲ့တာ။ မြန်မာကို အားလုံးက စိတ်ဝင်စားနေချိန်မှာ မြန်မာက ပထမဆုံးရလိုက်တယ် ဆိုတော့ ဂုဏ်ယူတာပေါ့။ မီလန်မှာလည်း အပြည်ပြည်ဆိုင်ရာအဆင့် သူ ထပ်ပြိုင်ရဦးမှာဆိုတော့ သူ့ကိုဘော်ဒီဝိတ် ထိန်းထားဖို့လည်း ပြောရမယ်။ ပြီးတော့ ဟိုဘက်က ပိုအဆင့်မြင့်လာပြီဆိုတော့ ပိုကြိုးစား ဖို့တော့ လိုမယ်။ မြန်မာပြည်အတွက် ပထမဆုံး ပြိုင်တဲ့အချိန်မှာ ပထမဆုရပြီး title တစ်ခုလည်း ရသေးတော့ ဂုဏ်ယူပြီးလာကြိုတာပါ။ နန်းခင်ဇေယျာလေးလည်း အောင်မြင်သွားသလို ဒီကလေးကိုလည်း မြန်မာနဲ့ ပတ်သက်လို့ သိစေချင်တဲ့ စေတနာပါ။ အဓိကကတော့ မြန်မာကို ကမ္ဘာက သိစေချင်တာပါ။ နောက် နှစ်တွေမှာလည်း မမို့တို့ Aqua Land ကနေ စပွန်ဆာပေးပြီး မြန်မာပြည်မှာပွဲတွေ ကျင်းပသွားပါမယ်။ အဲဒီကနေတစ်ဆင့် ဟိုဘက်က ပြိုင်ပွဲတွေ ထိရောက်နိုင်မှာပါ။ ကိုယ့်မြန်မာပြည် မှာလည်း အချောအလှတွေ အများကြီးရှိတယ်ဆိုတာ ပြချင်တယ်”လို့ မို့မို့မြင့်အောင် က ပီတိ အပြုံးများနဲ့ ပြောပါတယ်။ မြန်မာနိုင်ငံမှ Mr.Face of Myanmar 2012 ဆုကို ရရှိခဲ့ပြီး ကိုရီးယားနိုင်ငံကို သွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ Super Stars Model အေဂျင်စီမှ ဖြစ်ပါတယ်။ကို ရီးယားနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲ မှာ အာရှနိုင်ငံများမှ ပြိုင်ပွဲဝင် ၆ဝ ယှဉ်ပြိုင်ကြပြီး အားကစားဝတ်စုံ၊ ညနေခင်းပွဲတက်ဝတ်စုံ၊ ရိုးရာဝတ်စုံများနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ထွန်းကိုကိုကပထမရရှိခဲ့တာဖြစ်ပါတယ်။ ယခုကဲ့ သို့ ရရှိခဲ့ခြင်း အပေါ်မှာလည်း ထွန်းကိုကိုက “အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီလိုလည်း လာကြိုမယ်လို့ မထင်ထားဘူး။ ခုလို အားလုံးက လာကြိုတဲ့အတွက် ပိုပြီးဝမ်းသာတယ်။ ဟိုမှာ တော့ အပြိုင်အဆိုင်တွေ တအားများတယ်။ အဲဒီကြားက ကြိုးစားခဲ့ပါတယ်။ ဟိုမှာတော့ မြန်မာဆိုတာ ရိုးသားတယ်။ ဖော်ရွေတယ်။ ကြိုးစားတယ်ဆိုတာ သိအောင် ကိုယ့် ရဲ့အမူအရာကအစသိရအောင် ပြသခဲ့ပါတယ်။ ရှေ့ဆက်ပြီးလည်း နိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံအတွက်ဆို အားလုံးကို ပေးဆပ်ပြီး လုပ်သွားမှာပါ။ ခုလိုဝင်ပြိုင် ဖြစ်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ လေဆိပ်အဝမှာ လာရောက်ကြိုဆိုကြတဲ့ ဘင်ခရာအဖွဲ့တွေရဲ့ ဘင်ခရာသံတွေ ကြားကနေ ပြောပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာဆု တံဆိပ်များထွေးပိုက်ပြီး ပြန်လာတဲ့ သားဖြစ်သူ မော်ဒယ်ထွန်းကိုကို ကိုလာကြိုနေတဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်ဦးရဲ့ ပီတိရင်ဖွင့် စကားသံ များကို မေးကြည့်ဖြစ်တော့ “သားဖြစ်သူ ဒီလိုရတယ်ဆိုတာကို ကိုရီးယားကနေ ဖုန်းလှမ်းဆက်တယ်။ ပထမဆုနဲ့ titleဆု တစ်ဆုရတယ်ဆိုတော့ အတိုင်းမသိကို ဝမ်းသာ သွားတယ်။ ယုံတောင်မယုံဘဲနဲ့လေ အိပ်မက်နေတာလားလို့တောင် ထင်ရတယ်။ အဲဒီလိုဖြစ်ခဲ့ရတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ကလည်း သူ့ရဲ့ ဝါသနာကို အားပေး တယ်။ ပြီးတော့ သူက မိဘပြောစကား၊ ဆရာသမားတွေရဲ့စကားကိုလည်း နားထောင်တယ်။ အဲဒါကြောင့် သူ့ကို အမြဲစိတ်ချရတယ်။ ဆုတွေဆိုရင်လည်း ၅ဆုလောက် ရှိနေပြီရခဲ့တာ။ အခုကတော့ အာရှအကြီးဆုံးအမြင့်ဆုံးဆု ရသွားတာပေါ့လေ။ အီတလီနိုင်ငံ မီလန်မြို့မှာ အာရှကိုယ်စားပြု သွားပြိုင်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့ကို ကြိုးစားပါ လို့ပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ လုပ်တာတွေက အတော်လေးကို အောင်မြင်သွားပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို တွေမှာလည်း အောင်မြင် စေချင်ပါတယ်”လို့ပြော ပြခဲ့ပါတယ်။ဒါ့အပြင် မော်ဒယ်ထွန်းကိုကို ဖြစ်လာဖို့ပြုစုပျိုး ထောင်မွေးထုတ် ပေးခဲ့တဲ့  Super Stars Model အေဂျင်စီမှ ကိုချိုကြီးက လည်း ”အင်မတန်ကို ဝမ်းသာရတယ်။သူက အေဂျင်စီရဲ့ အင်မတန် အားထားရတဲ့ မော်ဒယ်တစ်ဦးပါ။အင်မတန်မှလည်း ဆရာသမားကို ရိုသေကိုင်းရှိုင်းတယ်။ ဒီဆုတွေ ရခဲ့တဲ့ အတွက်လည်း ကျွန်တော်တအားကို ဝမ်းသာတယ်။ မသွားခင်လေးက ကျွန်တော်ဖုန်းဆက်ပြီးတော့ သူ့ကို ဆုတစ်ဆုတော့ ရအောင်ယူခဲ့ပါလို့ အေဂျင်စီအတွက် ရော၊ မြန်မာပြည်အတွက် ရောပေါ့။ ဒီဆုတွေက သူ့ရဲ့ အနုပညာအတွက် အင်မတန်ကို အထောက်အကူပြုသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက စိတ်ဝင်စားနေတယ်။ကြော်ငြာရိုက်ဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့တွေကို ကမ်းလှမ်းလာတာတွေ ရှိနေပါတယ်” လို့ပြောပြခဲ့ပါတယ်။
ရဲရဲ ၊ ထက်လူလူ
ဓာတ်ပုံ-အောင်ဇော်မင်း

No comments:

Post a Comment

Flag Counter