Search Box

Members

Friday, February 1, 2013

ချစ်သုဝေနှင့် နှလုံးသားအနိုင်ရသွားသောအခါ

နှလုံးသားက အနိုင်ရသွားသော အခါ ဆိုတာကတော့ လတ်တလော ချစ်သုဝေရိုက်ကူးနေတဲ့ ဇာတ်လမ်း ဖြစ်ပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူး ပုံဖော်ကာ ပြေတီဦးနဲ့ တွဲဖက် သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ် ကားတစ်ကားလုံးက အလှုပ်အကြမ်း တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေပြိုင်နေကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ကြောင်း ချစ်သုဝေကပြောပါတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာ ဝိုင်း၊ ပြေတီဦးတို့နဲ့ လက်တွဲအလုပ် လုပ်ရတဲ့အတွက် ပညာတွေလည်း အများကြီးရသလို ဒဏ်ရာတွေလည်း အများကြီးရရှိကြောင်း ပြောပါ တယ်။
”ပညာတွေလည်း အများကြီး ရတယ်။ ဒဏ်ရာတွေလည်း အများ ကြီးရတယ် (ရယ်လျက်) ထရီဇာက ညာညာပြီးမလုပ်တတ်ဘူး။ တီတီ (ပြေတီဦး) ကသင်တော့သင်ပေး တယ်။ ဒါပေမဲ့ ထရီဇာက ညာညာပြီး မလုပ်တတ်ဘူး။ တကယ်လုပ်တော့ ဒဏ်ရာတွေချည်းပဲ။ ထရီဇာက တကယ်လုပ်တော့ တီတီလည်း တကယ်ထိတယ်။ တီတီ တို့ကျတော့ တအားသမ္ဘာရင့်တော့ မုဒ်လည်းပါတယ်။ လူကိုလည်း မနာအောင် လုပ် တတ်တယ်။ ထရီဇာတို့ကျတော့ မုဒ် ပါရင် လက်ကပါပြီးသားပဲ။ ဒီဇာတ် ကားလေးက ရိုက်ရင်းနဲ့ ပျော်စရာလည်း ကောင်းတယ်။ အတွေ့အကြုံ တွေလည်း အများကြီးရတယ်။ ပညာတွေအများကြီးရတဲ့ ဇာတ်ကားလေးပါ” လို့ ချစ်သုဝေကပြောပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးလာရင်းနဲ့ အတွေ့အကြုံတွေ များစွာရရှိလာခဲ့ ကြောင်းကို ချစ်သုဝေက “Techniques တွေ၊ ပညာတွေရလာ တာကောင်းတယ်။ အရင်တုန်း ကလည်း အရင်တုန်းက taste မျိုး တွေ၊ အခုလည်း အခု taste မျိုးတွေ ဖြစ်လာတယ်။ ဒါပေမဲ့ “ငယ်သူမို့ မသိပါ” ဇာတ်ကားတုန်းကဆိုရင် techniques တွေ ဘာမှမပါဘူးလေ။ မပါတဲ့အတွက်ကြောင့် ကြည့်ရတာ ရှင်းရှင်းလေးဖြစ်နေတာပေါ့။ အခုကျတော့ ချိန်တာတွေ၊ တန်ပိုတွက်တာတွေ လုပ်တတ်ကိုင်တတ် အောင်
ကြိုးစားနေတဲ့ အဆင့်ပေါ့” လို့ပြောပါတယ်။ ချစ်သုဝေက ဒီ ဇာတ်ကားပြီးရင် ငွေဆောင်မှာ ကြော်ငြာသွားရိုက်မှာဖြစ်ပြီး ကြော်ငြာရိုက်ရင်းနဲ့ မီးအိမ်ကဗျာဗီစီဒီ အတွက် သီချင်းတစ်ပုဒ် ရိုက်ကူးခဲ့ မှာဖြစ်ကြောင်း ပြောပါတယ်။
ငွေဆောင်ကပြန်လာပြီး နောက် မှာ ဒါရိုက်တာ မိုက်တီး၊ ပြေတီဦး တို့နဲ့ ဇာတ် ကားတစ် ကား ရိုက်ကူး မှာဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာတော့ စတိတ်ရှိုးတွေရှိတဲ့အတွက် ဇာတ်ကား ရိုက်ကူးမှု ခေတ္တနားထားမှာ ဖြစ်ပြီး မတ်လမှာတော့ ဇာတ်ကားပြန်လည်ရိုက်ကူးမှာဖြစ်ကြောင်း ပြောပါ တယ်။
ချစ်သုဝေက ဂီတရော၊ သရုပ်ဆောင်ဘက်ပါ မျှပြီးလုပ်နေပြီး မီးအိမ်ကဗျာ ဗီစီဒီ ကိုလည်း အဆင်ပြေသလိုတစ်ပုဒ်ပြီး တစ်ပုဒ်ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ပရိသတ်နဲ့ သူနဲ့ကြားက ဆက်သွယ်မှုကိုအနုပညာနဲ့ပဲတည်ဆောက်ချင် ကြောင်းပြောတဲ့ ချစ်သုဝေက.. “ထရီဇာနဲ့ ထရီဇာ့ပရိသတ် ကြားက Relationship ကို ထရီဇာ ရဲ့ အနုပညာနဲ့ပဲ တည်ဆောက်ချင် တယ်။ ထရီဇာနေထိုင်တဲ့ Image၊ ထရီဇာနေထိုင်တဲ့  Lifestyle အရာ အားလုံးက ပွင့်လင်းမြင်သာမှုရှိ တယ်။ ထရီဇာ မသိုဝှက်တတ်ဘူး။ စာမျက်နှာဆိုတာ မျိုးစုံရှိတယ်။ ကောင်းတာရှိတယ်၊ ဆိုး တာရှိတယ်။ အချစ်ရေးအချစ်ရာ မှန်သမျှကို စာမျက်နှာပေါ်မှာ အကျယ် တဝင့်ဘယ်တော့မှ ပြောလေ့မရှိဘူး။ မရှိဘူးလို့မပြောဘူး၊ မပြောပြတာ။ စာမျက်နှာပေါ်မှာဆိုတာ များသောအားဖြင့် ပရိသတ်ရဲ့ interest တွေ ယူကြတာ။ စာမျက်နှာပေါ်မှာ ထရီဇာ့ အနုပညာ နဲ့ပဲ ဆွဲဆောင်ချင်တယ်။ Personal ကိစ္စမှန်သမျှကို ဘယ်ကိစ္စမှ စာမျက်နှာထဲမှာ ပြောတာ၊ ညီတူညီမျှ မပြော တာ။ ထရီဇာ နေထိုင် တဲ့ Lifestyle၊ Image  ဘယ်လို ရပ်တည် လဲဆိုတာကို ပရိ သတ်တွေသိပါတယ်။ ထရီဇာ မပြောဘဲ နဲ့ကို သိပါတယ်” လို့ ပြောပြခဲ့ပါ တယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Flag Counter