Search Box

Members

Friday, February 1, 2013

“My Lay Entertainment အဆိုတော်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးမည်”

အဆိုတော် ရတနာမိုင်က သူ့ရဲ့ My Lay Entertainment ရုံးခန်း ကို ဇန်နဝါရီ ၂၆ရက်နေ့၊ နံနက်၁ဝ နာရီ၊ အမှတ်(၂၉/အေ)ပါရမီလမ်း (ပြည် လမ်းနှင့်ကမ္ဘာအေး ဘုရားလမ်းကြား) မရမ်းကုန်းမှာဖွင့်လှစ်ခဲ့ပါတယ်။ အဆိုတော်တိုင်းမှာ တစ်ခါတလေ Entertainment ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေရှိတဲ့အတွက်၊ အဲဒီလိုမဖြစ်ရအောင် ရည်ရွယ်ပြီး “My Lay Entertainment”ကို ဖွင့်တာပါလို့ဆိုပါတယ်။
”အဲဒါဘာကြောင့်လဲဆိုတာ တော့ Entertainment မဆန်တဲ့ စီစဉ်မှုကြောင့်နဲ့၊စနစ်မကျတဲ့ စီစဉ်သူ တွေရဲ့စီစဉ်မှုကြောင့်လို့တော့ မိုင်လေးထင်တယ်။ မိုင်လေးက အဆိုတော်က တက်လာခဲ့တဲ့အတွက် ဒီအခက်အခဲလေးတွေ သိတယ်။ ပြီးတော့ မိုင်လေးက ဘက်ပေါင်းစုံကနေ လိုအပ်တာတွေ၊ အခက်အခဲမရှိအောင် ဖြည့်ဆည်းမယ်။ ပြီးတော့ မိုင်လေးရဲ့ Entertainment နဲ့လုပ်ရတာ အဆင်ပြေတယ်ဆိုတဲ့စကားလေးတွေ ကြားချင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်”လို့ဆိုပါ တယ်။ Entertainment စီစဉ်ဖြစ်ပုံကိုလည်း “အခုဆိုရင် မြန်မာနိုင်ငံက ခေတ်မီတိုးတက် လာပြီဆိုတော့ Entertainment Roll  ကလည်း တဖြည်းဖြည်းမြင့်လာကြပြီ။ အဲဒါနဲ့ အနုပညာရှင်တွေကလည်း Entertainment တွေလုပ်လာကြတယ်။ လုပ်လာကြတဲ့အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊လူငယ်တွေက ဘယ်လိုစီစဉ်ရမယ် ဆိုတာကို ဗြုန်းခနဲဆိုရင် သတိမရကြဘူး။ အဲဒါကြောင့် ဒါလေးကို အကောင်အထည်ဖော်ဖို့ အတွက် မိုင်လေးက ဒီ Entertainment  ဆိုတာလေးကို စလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။
My Lay Entertainment ကနေ Rock ပွဲတွေ၊ Hip Hop ပွဲတွေ စုံအောင်ရှိုးပွဲတွေ လုပ်သွားဖို့ရှိပြီး ဖြန့်ချိရေးအနေနဲ လုပ်ဖို့ရှိကြောင်း ပြောပါတယ်။
ယွန်းလင်္ကာ

No comments:

Post a Comment

Flag Counter