Search Box

Members

Friday, February 1, 2013

“ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးချင်လို့ သီချင်းဆိုခြင်းဖြစ်ကြောင်း ချမ်းမီမီကိုပြော”

ချမ်းမီမီကိုက ဒါရိုက်တာမျိုးထူးရိုက်ကူးတဲ့ ‘ကမ္ဘာမှားသူများ’ ဇာတ်ကားကို ကျော်ရဲအောင်၊ နန်းဆုရတီစိုးတို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက လူငယ်ဖန်စီ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ချမ်းမီမီကိုက ရေးမြို့နဲ့ ပြည်မြို့တွေမှာ သီချင်းသွားဆိုဖို့ရှိကြောင်း၊ သီချင်းဆိုတဲ့အခါမှာလည်း ပရိသတ်တွေက နွေးနွေးထွေးထွေး ကြိုဆိုကြကြောင်းကို “သီချင်းဆိုဖို့အတွက် အဆိုတော်တွေဆိုတဲ့ သီချင်းတွေကို အမြဲနားထောင်ပြီး လေ့လာရတာပေါ့။ များသောအားဖြင့် စန္ဒီမြင့်လွင်သီချင်းတွေ ဆိုတယ်။ သီချင်းအစုံပဲဆို ဖြစ်ပါတယ်။ သီချင်းဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ ကြိုဆိုမှုက နွေးထွေးတယ်။ အဲဒါကြောင့် အဆင်ပြေပါတယ်။ ဘယ်အရာမဆို ခက်ခဲ တော့ ကိုယ့်ဘာသာကိုယ် ကြိုတင်ပြင်ဆင်သွားပါတယ်။ သီချင်းဆိုတာက ပရိသတ်တွေနဲ့ တိုက် ရိုက်ထိတွေ့နေရတော့ ပျော်နေရတယ်။ ပရိသတ်တွေရဲ့စိတ်ထားတွေက ဖြူစင်ကြတယ်။ ချမ်းမီမှမဟုတ်ပါဘူး။ နယ်သွားရင် ဘယ်သူ့ကိုမှမဆို သရုပ်ဆောင်တိုင်း အားပေးတာ တွေ့ရပါတယ်။ သူတို့ရဲ့ ရိုးသားတဲ့စိတ်ကိုလည်း တွေ့မြင်ရတယ်” လို့  နယ်မှာ သီချင်းဆိုတဲ့ အတွေ့အကြုံကို ပြောပါတယ်။ ချမ်းမီမီကိုက ဇာတ်ကားတွေလည်း ရိုက်ကူးသွားမှာဖြစ်သလို၊ ဇာတ်ကားရိုက်နားတဲ့အချိန်မှာ သီချင်းဆိုဖို့ လာကမ်းလှမ်းတဲ့အခါ သွားရောက်သီဆို ပေးကြောင်းပြောပါတယ်။ သီချင်းတွေဆိုနေပေမယ့် အဆိုပိုင်းကို ပရောက်ဖက်ရှင်နယ်အထိလုပ်မှာ မဟုတ်ကြောင်း ပြောပါ တယ်။ သူသီ ချင်းတွေဆိုရတာကတော့ ပရိသတ် တွေကို ချစ်လို့၊ ပရိသတ်တွေနဲ့ ပိုပြီး ရင်းနှီးချင်လို့ဆိုခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Flag Counter