Search Box

Members

Friday, February 1, 2013

“တစ်ပတ်အတွင်း ဇာတ်ကားရိုက်ကွင်းများနဲ့ တက္ကသိုလ်ဖြစ်နေရဆဲ MICT Park”

ယခုတစ်ပတ်အတွင်းဗီဒီယိုဇာတ်ကားရိုက်ကွင်းတွေတည်နေတဲ့ရုပ်ရှင်အစည်းအရုံး၊ရှုတင်အိမ်များကို ပေါ်ပြူလာအဖွဲ့သတင်းယူဖို့ရောက်ရှိခဲ့ပါတယ်။တက္ကသိုလ် နောက်ခံ ဇာတ်ကားများ ရိုက်ကူးလေ့ရှိတဲ့MICT Parkထဲကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒီဆယ်စုနှစ် အတွင်းထဲမှာ တော့ တက္ကသိုလ် ဇာတ်လမ်းကားတွေ ဆိုရင်MICT Parkထဲမှာပဲ ဆက်တင်ပြင်ဆင် ရိုက်ကူးခဲ့ကြရပါတယ်။ အနုပညာရှင်တိုင်းက ကျောင်းဇာတ်လမ်းတွေကို ကျောင်းအငွေ့အသက်တွေ လွှမ်းမိုးနေတဲ့ တက္ကသိုလ်မှာဘဲ ရိုက်ကူးချင်ကျတာ အမှန်ပင်ဖြစ်ပါတယ်။ တက္ကသိုလ်ဇာတ်လမ်းတွေဆိုရင် တကယ့်ကျောင်း၊တက္ကသိုလ်တွေမှာ ရိုက်ကူးခွင့်မရခဲ့တာ ဆယ်စုနှစ်ကျော် ရှိပါပြီ။ပြန်လည် ရိုက်ကူးခွင့်ရဖို့ကိုလည်း ရုပ်ရှင်လောကသားများက မျှော်လင့်ကြိုးပမ်းနေကြပါတယ်။ ကြိုးပမ်းနေဆဲကာလမှာတော့ တက္ကသိုလ်ကျောင်း ဇာတ်ကားတွေအတွက် ကတော့ MICT Parkက တက္ကသိုလ်ဖြစ်နေရဆဲပါပဲ။
MICT Parkထဲမှာရိုက်နေတဲ့ ဇာတ်ကားကတော့ ဒါရိုက်တာမျိုးထူး ရိုက်ကူးတဲ့ ‘ကမ္ဘာမှားသူများ’ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ရဲအောင်၊ နန်းဆု ရတီစိုး၊ချမ်းမီမီကိုတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျောင်းဇာတ်လေးလည်း ပါဝင်တဲ့အတွက် တက္ကသိုလ်ဇာတ်ကားတွေ ရိုက်ကူးနေကျ MICT Parkထဲမှာ ရိုက်ကွင်းတည်ခြင်းပါပဲ။ ဒီဇာတ်ကားထဲမှာ ပျော်ရွှင်တတ်တဲ့ တက္ကသိုလ်ကျောင်းသူအဖြစ် သရုပ်ဆောင်ရတဲ့ နန်းဆုရတီစိုးက “ရှေးဟောင်းဆိုင် တစ်ဆိုင်မှာ ပစ္စည်းသွား ကြည့်ရင်းနဲ့ နားကပ်တစ်စုံကိုတွေ့တယ်။ အဲဒီဆိုင်က လူတွေကမရောင်းဘူး။ မရောင်းတာကို ခိုးပြီးယူလာကြတယ်။ ဓာတ်ဆီဆိုင်မှာ ကိုကျော်ရဲအောင်နဲ့တွေ့ကြ တယ်။ သူကလည်း သူခိုးပေါ့။ သူ့ကို ဓာတ်ဆီဆိုင်က လူထင်ပြီး ဓာတ်ဆီ ထည့်ခိုင်းတာ။ နားကပ်ကိုပန်ကြည့်နေတာ တစ်ဖက်ပဲပန်ရသေးတယ်၊ သူ့ကို နောက်မယ်ဆိုပြီး ပိုက်ဆံ မပေးဘဲ ထွက်ပြေးကြတာ။ ထွက်ပြေးရင်းနဲ့ နားကပ်တစ်ဖက်ကျန်ခဲ့တယ်။ ညဘက်ကျတော့ ကိုကျော်ရဲအောင်က နားကပ်တစ်ဖက် တပ်လိုက်တယ်။ နန်းဆုလည်း တစ်ဖက်တပ်လိုက်တယ်။ ညဘက်ကျတော့ သူ့ရဲ့စိတ်ကနန်းဆုဆီရောက်ပြီး နန်းဆုရဲ့စိတ်က သူ့ဆီ ရောက်သွားတယ်။ နန်းဆုက ယောက်ျားကြီးဖြစ်သွားတယ်။ သူက မိန်းမဖြစ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ အလွဲတွေဖြစ်တာပေါ့လေ။ ဒီအုပ်စု ကြီး တစ်စုလုံးနဲ့ လွဲကြတဲ့ဟာကို ရိုက် ထားတာ။ ဟာသများပါတယ်” လို့ ဇာတ်လမ်းကို ပြောပြ ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ရဲအောင်ရဲ့ အိုက်တင်ကို လုပ်ရမှာဖြစ်တဲ့အတွက် ကျော်ရဲအောင်ရဲ့ ဇာတ်ကားတွေကို ကြိုတင်လေ့လာ ထားကြောင်းလည်း နန်းဆု ရတီစိုးက ပြောပါတယ်။ ဒီဇာတ်ကားမှာ နန်းဆုရတီစိုးရဲ့ သူငယ်ချင်းအဖြစ် ချမ်းမီမီကိုက သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ချမ်းမီမီကိုကလည်း “သူငယ်ချင်းတွေထဲမှာ နန်းဆုနဲ့ချမ်းမီက ယောက်ျားတွေကို သိပ်သဘောမကျတဲ့ ပုံစံမျိုးပေါ့။ အဲဒီလို ဇာတ်လမ်းလေးပါပဲ” လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အောင်ဇော်မင်း

No comments:

Post a Comment

Flag Counter