တွယ်တာ
Search Box
Members
Friday, February 1, 2013
အနုပညာ ဆိုတာ လေ့လာသင်ယူလို့ မကုန်နိုင်တဲ့ အရာလို့ ပြောလာသူ သင်ဇာဝင့်ကျော်
အနုပညာရှင်တွေက မအောင်မြင်ခင်ကလည်း
အောင်မြင်ဖို့အတွက် ကြိုးစားကြရတယ်။ အောင်မြင် သွားပြန်တော့လည်း အဲဒီ
အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ရပြန်တယ်။ အောင်မြင်မှုကို ဆက်လက်
ထိန်းသိမ်းဖို့ သူ့အနေနဲ့ ခက်ခဲကြောင်း သင်ဇာဝင့်ကျော်က “မအောင်မြင်ခင်က
သင်ဇာတို့ ကြိုးစားကြ ရတယ်။ အောင်မြင် သွား တဲ့ အခါမှာလည်း ဒီထက်ပိုပြီး
မကျသွားအောင် ထိန်း သိမ်းရတဲ့ အတွက်ခက်ခဲတယ်။ မထိန်း သိမ်းတတ်ရင်
ကိုယ်ရောက်ရှိတဲ့ နေရာ မှာ မခိုင်မြဲဘဲနဲ့ အောက်ပြုတ်ကျ သွားတတ်တယ်။
အဲဒါကြောင့် ဆက် လက် ထိန်းသိမ်းဖို့က သင်ဇာ့အတွက် ပိုခက်ခဲတယ်
ထင်ပါတယ်”လို့ ပြော ပါတယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော် ရဲ့
အနုပညာ ခံယူချက်ကို မေးကြည့်ရာ “သင်ဇာ ခံယူ ထားတဲ့ အနုပညာက တအားကို
ခက်ခဲကြမ်း တမ်းပြီး နားမလည်နိုင်ဘူး။ ဒီအနုပညာ ဆိုတာ နုနုရွရွလေး လို့
သင်ဇာ ထင်ထားတာ။ တကယ် လုပ်ကြည့်တော့ အဲဒီလိုမျိုး နုနုရွရွ လုပ်ရတာမျိုး
မဟုတ်ဘူး။ တစ်ခုချင်းစီ အသေအချာ လုပ်ရတာ။ ဇာတ်ကား တစ်ကားမှာ
အားလုံးကောင်းမှ ဇာတ်ကားကောင်း တစ်ကား ဖြစ်လာတာလေ။ အဲဒီအတွက် ဇာတ်ကားတစ်
ကားမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ အကုန်လုံး ကြိုးစားရတယ်။ ပင်ပင် ပန်းပန်း
နဲ့ ခပ်ကြမ်း ကြမ်း သရုပ် ဆောင်တဲ့ အလုပ်တွေ လုပ်ရတယ်။ အနုပညာ
ဆိုပြီးနုနုရွရွ နေလို့ မရပါ ဘူး။ လူရောစိတ်ရောနှစ် ပြီးလုပ်ရတဲ့ အတွက်
တကယ့်ကို ပင်ပန်းတယ်။ အနုပညာ ဆိုတာ ဘယ်လိုမှလည်း လေ့လာ သင်ယူလို့
မကုန်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဘယ်တော့မှ သင်ယူလို့ မဆုံးတဲ့ ပညာရပ်
တစ်ခုလို့ ထင်ပါတယ်” လို့ ပြော ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment