Search Box

Members

Tuesday, November 6, 2012

Star Like – Mဆိုင်းလု

ရုပ်ရှင်
ဆိုင်းလု ဗီဒီယိုဇာတ်ကား ကြည့်ရတာ အရမ်းဝါသနာပါတယ်။ Pretty Little Lie ကို စီးရီးလိုက် ကြည့်နေတယ်။ အဲဒီကားက မိန်းကလေး သူငယ်ချင်း လေးယောက်က လူသတ်တရားခံကို လိုက်ရှာတဲ့ ကားမျိုးလေး။ အရမ်းကြိုက်တယ်။ အားတဲ့အချိန်တိုင်း ဇာတ်ကားကြည့်တယ်။ အလုပ်မရှိရင် ဆိုင်းလုလုပ်တာ ရုပ်ရှင်ကြည့်တယ်။ သီချင်းနားထောင်တယ်။ စားတယ်။
သီချင်း
သီချင်းကတော့ Country ဆန်တဲ့ သီချင်းနားထောင်ဖြစ်တယ်။ မကြာမကြာ နားထောင်ဖြစ်တာက ကိုရီးယားသီချင်းတွေပဲ။ ဆိုင်းလု Big Bang ရဲ့ Blues သီချင်းကို ကြိုက်တယ်။ အဲဒီသီချင်းက ဆိုင်းလုရဲ့ အမှတ်တရဖြစ်တဲ့ သီချင်းလည်းဖြစ်တယ်။
စာအုပ်
စာတွေလည်း ဖတ်ဖြစ်ပါတယ်။ ဆရာဖေမြင့် စာတွေလည်း အများကြီး ဖတ်တယ်။ ခုသူငယ်ချင်းတစ်ယောက် ပြောလို့ ရွှေဥဒေါင်းစာအုပ် ဖတ်နေတယ်။ ဆိုင်းလုက ဘဝဒဿနဆန်တဲ့ စာတွေ ဖတ်တာများတယ်။

No comments:

Post a Comment

Flag Counter