Q. ပထမဦးဆုံး အနုပညာ
လှုပ်ရှားမှုလေးက
A. Max2O Billboard စရိုက်တာပါ။
Q. အခုလတ်တလော
အနုပညာလှုပ်ရှားမှုလေးအကြောင်း
A. မဂ္ဂဇင်းတို့၊ ဂျာနယ်တို့အတွက်
ရိုက်ဖြစ်တယ်။ တီဗွီကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်။
Q. ညီမမှာ အနုပညာ
ဆွေမျိုးသားချင်းရှိလို့ အနုပညာလောကထဲ ဝင်ရောက်လာတာလား။
A. အနုပညာ ဆွေမျိုးသားချင်း မရှိပါဘူး။
Q. အနုပညာ ဆွေမျိုးသားချင်း
မရှိဘူးဆိုတော့ အနုပညာလုပ်ငန်းကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။
ဘာကြောင့်လဲ။
A. ညီမ Photo Model လုပ်ရတာကစပြီး
စိတ်ဝင်စားခဲ့တာပါ။
Q. အနုပညာအလုပ်ကို ဘယ်လောက်ထိ
ရည်မှန်းထားသလဲ။
A. ညီမက အနုပညာအလုပ်ကို ပရိသတ်လက်ခံတဲ့အထိ
လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
Q. ညီမလေးအတွက် အခုလက်ရှိ
အခက်အခဲဆုံး အလုပ်ဆိုရင် ဘယ်ဟာဖြစ်မလဲ။
A. အခုလက်ရှိဆိုရင်တော့ အင်တာဗျူး
ဖြေရတာပေါ့နော်။
Q. အခက်အခဲတစ်ခု ကြုံရပြီဆိုရင်
ညီမဘက်က ဘယ်လိုခံနိုင်ရည်ရှိအောင် လုပ်သလဲ။ ဘယ်လိုတုံ့ပြန်သလဲ။
A. ညီမက ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့
ဘုရားရှိခိုးတာတို့ လုပ်လိုက်တယ်။ တခါတလေ အရမ်းစိတ်ညစ်လာပြီ ဆိုရင်
အိပ်လိုက်တယ်။ နှစ်တိုင်းတော့ တရားထိုင်ဖြစ်ပါတယ်။
Q. ဘယ်ကာလတွေမှာ
တရားထိုင်ဖြစ်သလဲ။
A. သင်္ကြန်ကာလတွေမှာ တရားထိုင်ဖြစ်တယ်။
Q. လူငယ်တစ်ယောက်ဖြစ်ပြီး
သင်္ကြန်ကာလ တရားစခန်း ဝင်ဖြစ်တယ်ဆိုတော့
A. ညီမ ဆယ်တန်းစာမေးပွဲ ပြီးကတည်းက
တရားစခန်း ဝင်ဖြစ်တာပါ။ ဖေဖေကလည်း သင်္ကြန်လည်တာ မကြိုက်ဘူးလေ။ နောက်ပိုင်း
ညီမကိုယ်တိုင် တရားစခန်း ဝင်တာ သဘောကျသွားတာပါ။
Q. အနုပညာလုပ်ငန်း
လုပ်နေပြီဆိုတော့ စိတ်ညစ်စရာပဲဖြစ်ဖြစ် ဝမ်းသာစရာပဲဖြစ်ဖြစ် အမှတ်တရ
အဖြစ်အပျက်လေး ရှိလား။
A. အမှတ်တရ အဖြစ်အပျက်ရယ်လို့ အခုထိ
မရှိပါဘူး။ အနုပညာအလုပ် လုပ်ရတာ ပျော်ပါတယ်။
Q. ညီမဘဝအတွက် Professional
အလုပ်ဆိုရင် ဘာကိုရွေးချယ်မလဲ။
A. ညီမအတွက် လောလောဆယ် Professional
အလုပ်ကို ရွေးချယ်ပါဆိုရင် ပညာရေးပါပဲ။ ညီမ ဒဂုံတက္ကသိုလ်က ပြီးတာပါ MBA
ဆက်တက်ဖြစ်မယ်။
Q. ညီမလေး MBA တက်ချင်တဲ့
ရည်ရွယ်ချက်က
A. အစ်မရယ် အနုပညာအလုပ်ဆိုတာ
အလွန်ဆုံးလုပ်ဖြစ်ရင် ကာလတစ်ခုပေါ့။ ဘဝအတွက် ပညာရေးလည်း အရေးကြီးမယ်
ထင်တယ်လေ။ အဲဒါကြောင့်ပါ။
Q. ညီမကို အရမ်းအောင်မြင်တဲ့
Celebrity တစ်ယောက်လောက်က ချစ်ရေးဆိုလာမယ် ဆိုရင်ကော။ ညီမ
ဘယ်လိုစဉ်းစားမလဲ။
A. အဲဒါတော့ မပြောတတ်ဘူး။
အရမ်းအောင်မြင်တဲ့ Celebrity ဆိုတော့ Robert Pattison လား။ Robert Pattison
ဆိုရင်တော့ အတိုင်းအဆ မရှိပေါ့နော်။ (ရယ်လျက်)
Q. 8 DAYS
မျက်နှာဖုံးရှင်ဖြစ်ခွင့်ရတဲ့အတွက် ခံစားမှုလေးနဲ့ ပရိသတ်အတွက်
ဘာများပြောချင်ပါသလဲ။
A. အရမ်းပျော်ရွှင်မိတာပေါ့နော်။
ပရိသတ်အတွက် ညီမ ကြိုးစားသွားမှာပါ။ ညီမကို အားပေးပါလို့ ပြောချင်ပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment