Search Box

Members

Tuesday, November 6, 2012

ပညာရေးကိစ္စတွေ ပြီးမြောက်မှပဲ အနုပညာအလုပ် ပြန်လုပ်တော့မယ် လို့ဆိုလာသူ ယွန်းဝတီလွင်မိုး

ကြော်ငြာဘေဘုတ်တွေမှာ သာမကဘဲ တီဗီကြော်ငြာတွေအထိ နေရာယူလာ သူကတော့ ပရိသတ် အချစ်တော် မင်းသားကြီး လွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးပဲဖြစ် ပါတယ်။ ပရိသတ်တွေက သူမကို ကြော်ငြာတွေမှာ ကြည့်ရတာတင် အားမရဘဲ ဇာတ်ကားတွေမှာပါ မြင်ချင် ကြည့်ချင်နေပြီ ဖြစ်ပေမယ့် ယွန်းဝတီ လွင်မိုးကတော့ ပညာ သင်စဉ် အရွယ်သာဖြစ်တဲ့ အတွက် ကြော်ငြာ လောက်သာ ရိုက်ကူးပြီး ပညာရေးကို အာရုံစိုက်မှာ ဖြစ်ကြောင်းပြောပါတယ်။ အခုလတ်တလော မှာ ယွန်းဝတီလွင်မိုးက ဒါရိုက်တာ ဥာဏရိုက်ကူးတဲ့ သံဓာတ်အားဆေး ကြော်ငြာတစ်ခုကို စိုးမိုးကြည်၊ သက်မွန်မြင့်တို့နဲ့ရိုက်ကူးထားပါသေးတယ်။ သက်မွန်မြင့်နဲ့အတူ ပထမဆုံး တွဲဖက် သရုပ်ဆောင် ရတာကြောင့် ပျော်နေတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုးကို ဖခင်ဖြစ်သူက နောက် ၂နှစ်နေရင်နိုင်ငံခြားကို ပညာတော်သင်ပို့မှာ ဖြစ်ကြောင်းပြောထားတာရှိတဲ့ အတွက် ယွန်းဝတီလွင်မိုးက “ကြော်ငြာက ရိုက်တော့ ရိုက်ထားတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ လျှော့ပြီး ပညာရေးကို အာရုံစိုက်ဦးမယ်။ လောလော ဆယ်တော့ ကျောင်း စာ ကို ဦးစားပေးမယ်။ ကျောင်းပြီးလို့ အသက် ၁၈၊ ၂ဝ လောက်ကျမှ မိဘတွေနဲ့ တိုင်ပင်ပြီး
အနုပညာ အလုပ်ကိုလုပ်မယ်” လို့ပြောပါတယ်။ ယွန်းဝတီလွင်မိုး ရဲ့   ကြော်ငြာတွေ တီဗီကလွှင့်တဲ့ အခါ အဖေ ဖြစ်သူလွင်မိုးက ဘယ်လိုဝေဖန်မှုတွေပေးတယ် ဆိုတာကိုတော့ “တစ်ခါတလေ လိုတာလေးတွေ ပြောပေးတယ်။ ကောင်း တာလေးတွေ ဆိုလည်း ချီးမွမ်းပါတယ်။ ဖေဖေက သရုပ်ဆောင်တစ် ယောက်ဖြစ်တဲ့ အတွက် တအားအထောက် အကူဖြစ်ပါ တယ်”လို့ ဆိုပါ တယ်။

No comments:

Post a Comment

Flag Counter