Search Box

Members

Tuesday, November 6, 2012

စိတ်ရှည်ဖို့ အရေးကြီးတယ် စံရတီမိုးမြင့်

ဇာတ်ကား ရိုက်ကူးမှု တစ်နှစ်နီးပါး ရှိလာနေ ပြီဖြစ်တဲ့ စံရတီမိုးမြင့်က “စရိုက်တုန်းက သိပ်ပြီးတော့ ဘာမှ မဖြစ်ဘူး။ အမှားအယွင်း လုပ်မိတယ် ဆိုရင်လည်း မှားယွင်းခွင့် ရှိနိုင်သေးတယ်။ အခုတော့ တာဝန်ပို ကြီးလာပြီး။ အခုဆိုရင် ကားရိုက်တာ တစ်နှစ်နီးပါး ရှိတော့မယ်။ တစ်နှစ်အတွင်းမှာ ဘာမျှ မတတ်လာဘူး လို့တော့ အပြောမခံ ရအောင် အမြဲတမ်း ကိုယ့် ရဲ့ ဘက်က အတတ်နိုင်ဆုံး ကြိုးစားနေတယ်” လို့ စံရတီမိုးမြင့် ကပြောပါတယ်။ တစ်နှစ်အတွင်းမှာ အနုပညာ နယ်ပယ်ကနေ အတတ် ပညာတွေ များစွာ ရရှိသလို၊ ဇာတ်ကား ရိုက်တိုင်းရိုက်တိုင်း အသိပညာ၊ အတတ်ပညာ တစ်ခုကတော့ အမြဲရတယ်လို့ စံရတီမိုးမြင့်က ပြောပါတယ်။ ကိုယ်တွေ့ကြုံဖြတ် သန်း ခဲ့တဲ့ တစ်လျှောက်မှာ တစ်ယောက် ချင်းစီရဲ့ မတူကွဲပြား တာတွေကို ဘယ်လိုမြင်တွေ့ခဲ့ရလဲ လို့မေးတော့ “စိတ်ထားမှုပေါ့။ သရုပ်ဆောင် လုပ်တဲ့ အခါမှာ အဓိက က စိတ်ရှည်ဖို့ အရေးကြီးပါတယ်။ အကုန်လုံး မှာတော့ ပညာတွေ အများကြီး ရှိနေတဲ့အတွက် တစ်ယောက် ချင်းစီက နေပညာတွေ ရသလို၊ အကုန်လုံးကလည်း အများ ကြီး သင်ကြားပေးကြပါတယ်” လို့ ဆက်လက် ပြောပြတဲ့ စံရတီမိုးမြင့်က အခု လက်ရှိမှာ “လွမ်းတိုင်းလည်း မရပ်တဲ့ သံယောဇဉ်ရထား” ဇာတ်ကားကို နေမင်း၊ သဉ္ဇာနွယ်ဝင်း တို့နဲ့ အတူ ရိုက်ကူးနေပြီး အဲဒီဇာတ်ကားထဲ မှာတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးပုံစံနဲ့ သရုပ်ဆောင်နေပါတယ်။ မကြာသေးခင်ကမှ ထိုင်းနိုင်ငံ
ဘန်ကောက်မှာကြော်ငြာ ရိုက်ကူးပြီး ပြန်လာတာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံရဲ့ ရုပ်ရှင် တိုးတက်မှု ကိုကော ဘယ်လိုမြင်မိလဲ လို့ မေးမြန်းဖြစ်ခဲ့တော့ “သူတို့ဆီမှာ ပိုပြီး ဖွံ့ဖြိုးတယ် ဆိုတာက စက်ပစ္စည်းပိုင်းနဲ့ ဆိုင်တာပေါ့။ စက်ပစ္စည်းတွေ တအား ကောင်းသလို၊ ပံ့ပိုးမှု အပိုင်းမှာလည်း တအား ကောင်းတယ်။ ကြော်ငြာ သွားရိုက်တော့ ဒါရိုက်တာ ကလည်း သူရိုက်တဲ့ အပိုင်းကိုပဲ သူကြည့်တယ်။  Edit သမားကလည်း  Edit လုပ်ဖို့ အဆင်သင့်ပဲ။ သူတို့ အပိုင်းပဲ သူတို့ ကြည့်ကြတယ်။ ဒီမှာကျတော့ ဒါရိုက်တာကပဲ အကုန် အကွက်စေ့အောင် လုပ်ဆောင် ပေးနေရတော့ လစ်ဟာမှု ဆိုတာရှိတာပေါ့” လို့ စံရတီမိုးမြင့် ကကြုံတွေ့ခဲ့ ရသလောက် ကိုပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter