Search Box

Members

Tuesday, November 6, 2012

Fruit With Beauty – စန္ဒီ (၁၅၀၀)

အသီးနဲ့ အလှပြင်တာကတော့ ခရမ်းချဉ်သီးနဲ့ အသားအရေကို ထိန်းသိမ်းဖြစ်တာ များပါတယ်။ တခါတလေတော့ သခွားသီးတို့၊ ပန်းသီးတို့ကို အသုံးပြုဖြစ်ပေမယ့် ခရမ်းချဉ်သီးကျတော့ အသားအရေကို အေးမြစေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ၊ သေသွားတဲ့ဆဲ(လ်)တွေကို ပြန်လည်ရှင်သန်စေတာပေါ့။ အသီးအနှံကတော့အသားအရေကို ထိန်းသိမ်းတဲ့အပြင်၊ အမြဲတမ်းလည်း စားဖြစ်တယ်။ ရာသီပေါ် အသီးအနှံတွေကို ညဖက်ပိုင်းဆိုရင် အစာခြေတဲ့စနစ်ဖြင့် ဖရဲသီး၊ ပန်းသီး၊ ထောပတ်သီး၊ စပျစ်သီးတို့ကို အသားတွေ စားတာထက်စာရင် အသီးအနှံ စားဖြစ်တယ်လေ။ တခြားဓာတုပစ္စည်းတွေပါတဲ့ အလှကုန်ပစ္စည်းတွေက တစ်ခါတလေသာ သုံးဖြစ်တာကောင်းတယ်။ အချိန်ရမယ်၊ ဖြစ်နိုင်မယ်ဆိုရင်တော့ အသီးအနှံတွေနဲ့သာ အသားအရေကို ထိန်းသိမ်းတာ ပိုကောင်းတယ်။ အသားအရေအတွက် ပြန်လည်ကောင်းမွန်စေတဲ့အပြင်၊ အသီးအနှံရဲ့ အနံ့အရသာကြောင့် စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းစေသလို၊ မျက်နှာကိုလည်း အေးပြီးကြည်လင်သွားတယ်လို့ ခံစားရတယ်။ တစ်နေကုန် မိတ်ကပ်လိမ်းရတဲ့နေ့မျိုးတွေ၊ နေပူထဲသွားရတဲ့ နေ့မျိုးတွေ၊ သီချင်းဆိုတဲ့အခါ မီးထိုးတဲ့ မိတ်ကပ်တွေကြောင့် အဆီပြန်ပြီး ခန်းခြောက်သွားတဲ့အတွက် အိမ်ပြန်ရောက်တဲ့အချိန် ညအိပ်ခါနီး အချိန်ကျရင် ရာသီပေါ် အသီးအနှံတွေနဲ့ အသားအရေ သေသွားတဲ့ဆဲ(လ်)တွေ ပြန်လည်ရှင်သန်အောင် ပြုလုပ်ဖြစ်ပါတယ်။
ကလောင် – ထွန်းမြင့်ဇော်
8 Days Journal

No comments:

Post a Comment

Flag Counter