Search Box

Members

Tuesday, November 6, 2012

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင် အင်တာနက်မှ မဲပေးရွေးချယ်မှု၌ မြန်မာအလှမယ် ထိပ်ဆုံးမှ ဦးဆောင်နေ

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင် မြန်မာအလှမယ် တစ်ဦး ဖြစ်သည့် နီဒါတေလာမိုး (မြန်မာအမည် ယမုံမိုး) သည် မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိရာ အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်ရာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းအထိ မဲစုစုပေါင်း ၁၇၀၀၀ကျော်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက် ရှိသည်ဟု သိရှိရသည်။ အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံ နယူးရောခ့်မြို့တွင်  နိုဝင်ဘာလ ၃ရက်နေ့၌ စတင်ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင်မူ အင်တာနက် မှတစ်ဆင့် မဲပေးရွေးချယ်သည့် အဆင့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကာ အောက်တိုဘာလ ၃၀ ရက်နေ့ည ၁၂ နာရီ ကျော် နောက်ဆုံးထား မဲပေးခွင့်ရှိခဲ့ ကြောင်းသိရသည်။
“သမီးကငယ်ငယ်ကတည်းက Modelling နဲ့ပတ်သက်လို့ အရမ်း ၀ါသနာပါတာ။ YIEC မှာ ခုနစ် တန်းအထိတက်ပြီး အန်တီရောက်နေတဲ့ အမေရိကားကို အလည်ခေါ်ရာ ကနေ သူကမပြန်ဖြစ်တော့တာ။ အဲဒီ မှာပဲ ကျောင်းဆက်တက်ရင်းနဲ့ သူဝါသနာပါတဲ့ Modelling ကိုလည်းလေ့လာ နေတာပေါ့လေ။ အခုပြိုင်ပွဲကို ၀င်ပြိုင်နိုင်ဖို့ကိုလည်း ခက်ခက်ခဲခဲ နဲ့ ကိုကြိုးစားခဲ့ရတာပါ။ ပြိုင်ပွဲဝင်ခွင့်ရပြီ ဆိုတော့မှပဲ သမီးကအန်တီကို အသိပေးလာတာပါ။ အန်တီတို့အနေနဲ့တော့ မြန်မာကိုယ်စားပြု ၀င်ပြိုင်တာဆိုတော့ အားပေးစေချင်ပါတယ်”ဟု
မြန်မာအလှမယ် နီဒါတေလာမိုး၏ မိခင်ဖြစ်သူက ရှင်းပြခဲ့သည်။
Miss Diaspora Models International Beauty Competition ပြိုင်ပွဲကို နယူးရော့ခ်မြို့တွင် ၂၀၀၅ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပြိုင်ပွဲဝင် ၂၇ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။ ဘရာဇီး၊ ဒိုမေနီကန်၊ ပြင်သစ်၊ ဂျော် ဂျီယာ၊ ဂျာမနီ၊ ဟေတီ၊ မလေးရှား၊ အိန္ဒိယစသည့် နိုင်ငံများနှင့်အတူ မြန်မာ နိုင်ငံမှလည်း ကိုယ်စားပြုအဖြစ်ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်များအနက် အနိုင်ရရှိသူသည် အမေရိကန် ဒေါ်လာတစ်ထောင်၊ ဥရောပ သို့ တစ်ပတ် အလည်အပတ်ခရီး၊ မဂ္ဂဇင်းကာဗာများတွင် ရိုက်ကူးခွင့်များ ရရှိမည်ဖြစ်သည်။

No comments:

Post a Comment

Flag Counter