Search Box

Members

Tuesday, November 6, 2012

ရော့ခ်လူငယ်တွေပျော်ကြ တဲ့ S.I.R ပွဲ

၂၁ရာစု ရော့ခ်ပရိသတ်တွေရဲ့ အသည်း စွဲ S.I.Rအုပ်စုရဲ့ ၂ဝ၁၂ခုနှစ်အတွက် ပထမဆုံး ရန်ကုန်ရှိုးကို အောက်တိုဘာလ ၂၇ ရက်၊ ည၇နာရီက မျှော်စင်ကျွန်းမှာ ကျင်း ပပြုလုပ် ခဲ့ပါတယ်။ ကြိုတင်လက်မှတ် များမရောင်းဘဲ ပွဲနေ့ညနေမှာမှ စတင်လက်မှတ်ရောင်းချခဲ့ပေ မယ့် ည၇နာရီထိုးပြီဆိုတာနဲ့ကွင်းထဲမှာ လူ ပြည့်နေပြီဖြစ်ပြီး ပရိသတ်များတဖွဲဖွဲဆက်လက် ဝင်ရောက်ဆဲပဲဖြစ်ပါတယ်။Big Bag, Wanted,Idiots, Reason အဖွဲ့၎ဖွဲ့စုပေါင်း ထားတဲ့S.I.R Rockသခု အုပ်စုအနေနဲ့ တစ်ဖွဲ့ချင်း စီရဲ့ ပရိသတ်အား၊S.I.R ရဲ့အားတွေ ပေါင်း လိုက်တဲ့အခါ မျှော်စင်ကျွန်းတစ်ကွင်းလုံး ခြေချစရာမရှိအောင်ကို ပရိသတ်တွေကပြည့် လျှံသွားပါတယ်။ ပွဲစတာနဲ့ ရော့ခ် အကြမ်း စားတွေကို အားမာန်အပြည့်သီဆိုတတ်တဲ့ ဖော်ကာတို့Wanted အဖွဲ့ရဲ့ ဂစ်တာသံ ပြင်း ပြင်းတွေကြားမှာပရိသတ်တွေစတင် စီးမျော ပါပြီ။ အဲဒီနောက်သီ
ချင်းအေးအေးတွေနဲ့ရော၊ မြူးကြွတဲ့သံစဉ်များနဲ့ပါ ပရိသတ် ကိုဆွဲဆောင် နိုင်တဲ့ အောင်လတို့ Reason  အလှည့်မှာတော့ ပရိသတ်တွေက ငြိမ့်ညောင်းသာယာစွာ နဲ့ ရော့ခ်ဂီတကို ခံစားရပါတယ်။အောင်လက သီချင်းအအေးရော၊အမြူးရောမျှဆိုခဲ့ပြီး သူ့ရဲ့အအောင် မြင်ဆုံးသီချင်းဖြစ်တဲ့’တောင်းပန်တယ်’ကိုတော့ အခုနောက်ပိုင်း ရှိုးပွဲတွေမှာတွေ့မြင်နေကျ အတိုင်း ဗားရှင်းပြောင်းပြီးဆိုခဲ့ပါတယ်။ အဲဒီ နောက် ဆက်တက်လာတာက  Idiots  သီချင်း အဆိုကောင်း၊အရေးကောင်းအသံလုံး ကြီးကြီး မု(ဒ်)အပြည့်နဲ့သီဆိုတတ်တဲ့Idiots  ကရေမွန်ရဲ့ အလှည့်မှာတော့ ပရိသတ်တွေအတွက်ပိုပြီး ပွဲဆူလာပါပြီ။ပထမပိုင်း၊ ဒုတိယပိုင်း၂ပိုင်းခွဲ ဖျော်ဖြေတဲ့အတွက် ရေမွန်က ပထမပိုင်းမှာ သိပ်မကြမ်းတဲ့ရော့ခ်သီချင်းတွေနဲ့ ဖျော် ဖြေခဲ့ပြီးပရိသတ်အားလုံးနဲ့တော့ တစ်သား တည်းပါပဲ။ရေမွန်ပြီးတဲ့အခါမှာတော့ Synthesizer  စက်ကြီးတွေနဲ့ စင်ပေါ်ရောက် လာသူကတော့ ဟန်ထူးလွင်ပါပဲ။ သူက တယ် လီပန့်ခ် အခွေထဲက ‘ဟိုလိုဒီလို’သီချင်းကို Synthesizer  နဲ့ အသံကို တစ်မျိုးပြောင်းပြီး သီဆိုရင်းသူတို့
Big Bagရဲ့ဖျော်ဖြေမှုကို စတင်ခဲ့ပါတယ်။ အဲဒီနောက် Big Bag ရဲ့ ဆယ်နှစ်ကျော်ခရီးဖြတ်သန်းမှုထဲမှာပါဝင်နေ တဲ့ သီချင်းကောင်းများနဲ့ ဆက်တိုက်သီဆို ဖျော်ဖြေရင်း S.I.Rရဲ့ ပထမပိုင်းသီဆိုမှုကို အဆုံး သတ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း အစ မှာS.I.Rရဲ့Rock ‘N’ Rollသီချင်းစဖွင့်ခဲ့ပြီး အောင်လက ဆက်လက်ဖျော်ဖြေခဲ့ ပါတယ်။အဲဒီနောက် ၄ဖွဲ့အလှည့်ကျသီဆိုရင်း ရခိုင် လူမျိုးဖြစ်တဲ့ ဖော်ကာကလည်း လတ်တလော မှာ စပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးတစ်ပုဒ်ဖြစ်တဲ့ ‘နားလည်စေချင်တယ်’ သီချင်းကိုလည်း ဒုတိယ ပိုင်းမှာသီဆိုခဲ့ပါတယ်။ အဲဒီနောက် ရော့ခ် တေးသံရှင်တွေနဲ့ ရော့ခ်ပရိသတ်တွေရဲ့ အပေးအယူမျှမှုက ည၁၂နာရီထိုးခါနီး ပွဲပြီးတဲ့အထိကို အရှိန်အဟုန်ကောင်း ကောင်း နဲ့ စီးမျောခဲ့ကြတာကြောင့် စီစဉ်သူli-enter-tainment နှဲ့S.I.R တို့ရဲ့ အောင်မြင်တဲ့ ပွဲ တစ်ခုဖြစ်ခဲ့ပြီးပရိသတ်လည်း စိတ်ကျေနပ်မှု အပြည့်အရရှိခဲ့တဲ့S.I.R Rock ‘N’Roll 2  ပွဲပဲဖြစ်ပါတော့တယ်။

No comments:

Post a Comment

Flag Counter