Search Box

Members

Tuesday, November 6, 2012

ဗညားဟန် မြန်မာသံ ဖျော်ဖြေပွဲ ကျင်းပမည်

အဆိုတော် ဗညားဟန်၏  မြန်မာသံဖျော်ဖြေပွဲကို နိုဝင်ဘာ ၁ဝ ရက်နေ့တွင် သက်ကြီး လူရွှင်တော်ကြီးများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲအဖြစ် ပြုလုပ်သွားမည်ဟု ဗညား ဟန်က ပြောသည်။ ”ဒါနလေးလည်း လုပ်ချင်လို့ လုပ်ဖြစ်တာပါ။ ဒီခေတ်ကြီးထဲမှာ မြန်မာသံ လုပ်ရတာလည်း မလွယ်ပါဘူး။ ရန်ကုန်မှာ ဆိုရင် မြန်မာသံနဲ့ ပတ်သက်ပြီး   ပြုလုပ်တဲ့ပွဲ သိပ်မရှိပါဘူး။ ဒီပွဲမှာ အပိုင်း သုံးပိုင်း ခွဲပြီး ပရိသတ် အကြိုက် သီချင်းတွေ ဖျော်ဖြေသွားမှာပါ တခြားဧည့်သည် အဆိုတော်တွေလည်း ပါမှာပါ” ဟု ဗညားဟန် က ဆိုသည်။ ဗညားဟန်ပွဲကို ဟာသသရုပ်ဆောင် ကျော်ထူးနှင့် နေဝင်းအောင်တို့က စီစဉ်ခြင်းဖြစ်ပြီး အလင်္ကာ ဝတ်ရည် တေးဂီတအဖွဲ့နှင့်အတူ ဟာသသရုပ်ဆောင် များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်ဟု သိရသည်။ ဗညားဟန်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လက်မှတ်များကို တော်ဝင်စင်တာ၊ ကိုကိုညီညီ (Beauty Salon)၊ ဒဂုံစင်တာ၊ လပြည့်ဝန်း ပလာဇာ၊ မန်းသီရိ တေးသံသွင်းများတွင် ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Flag Counter