Search Box

Members

Tuesday, November 6, 2012

ရက်ဂေးလိုဂိုစိမ်းဝါနီအကြောင်းပြောပြတဲ့ရက်ဂေးအဆိုတော် စောဖိုးခွား

 မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး ရက်ဂေး အဆိုတော်တွေထဲက တစ်ဦးဖြစ်သူ အဆို တော် စောဖိုးခွားက သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘ဖြည်းဖြည်း ယောက်ဖ’ ဒီဗီဒီအခွေ ပရိုမိုးရှင်းပွဲကို စက် တင်ဘာ ၂၉ရက်၊ Myanmar Ink Art Gallery & Tatoo Studio မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုတော် စောဖိုးခွားက ‘ဖြည်း ဖြည်းယောက်ဖ’ ဒီဗီဒီမထွက်ခင် ၂ဝဝဝ ခုနှစ် က ‘တကယ်ကို’ စီးရီး ထွက်ရှိထားပြီး ဒုတိယ တစ်ကိုယ်တော်ခွေဖြစ်တဲ့ ‘မေ့ဖို့သိပ်ခက်နေ လို့’ ကို ၂ဝဝ၃ ခုနှစ်မှာ ထွက်ရှိပြီး တတိယ တစ်ကိုယ်တော်ခွေဖြစ်တဲ့ ‘ဖြည်းဖြည်း ယောက်ဖ’  Audio CD ကို ၂ဝ၁၁ ခုနှစ်မှာ ထွက်ရှိထားပါတယ်။ ‘ဖြည်းဖြည်း ယောက်ဖ’  Audio CD  ခွေ ထွက်ရှိတာအချိန် ကာလတစ်နှစ်ကြာသွားပြီဖြစ်တဲ့အတွက်ဒီဗီဒီအခွေမှာ ထူး ခြားအောင် ဘယ်လိုပြုလုပ်ထားလဲဆိုတာကို အဆို တော်စောဖိုးခွားက…

“ကျွန်တော်က ဂီတသမား ရက်ဂေးဖြစ် တဲ့အတွက် ဘာမှထူးထူးခြားခြားတော့ လုပ် စရာမရှိပါဘူး။ ရက်ဂေးဆိုတာ လွတ်လွတ် လပ်လပ် နဲ့ နေတတ်တဲ့သဘောပါပဲ။ ကျွန် တော်က မြန်မာပြည်ရက်ဂေးဆိုတော့ ကျွန် တော့်အခွေထဲမှာ ကိုယ့်ရေမြေသဘာဝနဲ့ ကိုက်ညီ တဲ့အရာ ကို ဖော်ပြထားပါတယ်။ ပြီးတော့ ကျွန်တော့်အခွေထဲမှာပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ ငြိမ်းချမ်းခြင်းပါပဲ။ ဒီ အခွေထဲမှာသရုပ်ဆောင်ဟက်ကက်နဲ့ ကလေးတေးသံရှင်အက်စ တာ ဒွေးတို့က ပါဝင်သီဆို ပေးထားကာသရုပ်ဆောင် ရာဇာနေဝင်းက လက်တွေ့ ဘဝဆန်ဆန်ရိုက် ကူးထားပြီး သ ရုပ်ဆောင် နေရသလိုမဟုတ်တဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထား ပါတယ်။ ပြီးတော့ ကျွန်တော့် ရဲ့အရင်ကတည်းက ပေါက်သီချင်းဖြစ်ပြီး တအားနှစ် သက်ကြတဲ့ ‘ချစ်ကြပါ’ သီချင်း ကို အဲဒီအခွေထဲမှာ ပြန်ထည့်ထားတယ်။ ဒါပေမဲ့ အဲဒီသီချင်းက အရင်သီချင်းနဲ့မတူဘဲ Without Instrument  နဲ့လုပ်ထားတယ်။ ဒီ အခွေကို CMP ကထုတ်လုပ်ဖြန့်ချိတာဖြစ် ပါတယ်”လို့ပြောသွားပါတယ်။
မြန်မာပြည်ရက်ဂေး အဆိုရှင်တစ်ဦးဖြစ် တဲ့ စောဖိုးခွားကို ဘယ်အချိန်ကစပြီး ရက် ဂေးကို လေ့လာဖြစ်ခဲ့တာလဲဆိုတာကိုတော့ “၁၉၉၉မှာစပြီး လေ့လာဖြစ်တာပါ။ ကျွန် တော် သင်္ဘောတက်နေရင်းနဲ့ ဂျမေကာသား Bob Marley ကို အရင်စတွေ့ခဲ့တယ်။ ပြီး တော့ သူ့ကို ခရေစီလည်းဖြစ်ခဲ့တယ်။ ရက်ဂေး ကတော့ အရင်ကတည်းက ပေါ်နေတာ ကြာ ပြီ။ ဒါပေမဲ့ Bob Marley လုပ်လာတဲ့ ဂီတ ရက်ဂေးကျမှပဲ ကမ္ဘာက အသိအမှတ်ပြုကြ တာပါ။ကျွန်တော့်မေးစေ့မှာထိုးထားတဲ့ စိမ်းဝါနီသင်္ကေတကလည်း ရက်ဂေးရဲ့လိုဂို ပါ။ စိမ်းဝါနီဆိုတာက သူ့မှာ အဓိပ္ပာယ်ရှိ တယ်။ အစိမ်းဆိုတာက Ever Living ၊ အဝါဆိုတာက Golden Future ၊ အနီ ဆိုတာက Blood of Freedom ပါ” လို့ အဆိုတော်စောဖိုးခွားက ရက်ဂေးသင်္ကေတ နဲ့ပတ်သက်ပြီးရှင်းလင်းပြောသွားခဲ့ပါတယ်။
ရက်ဂေးအဆိုတော် စောဖိုးခွားက သူ့ရဲ့ စတုတ္ထမြောက်အခွေဖြစ်တဲ့ ‘ရက်ဂေးဆိုတာ’ တေးစီးရီးကိုလည်း မကြာခင်မှာ ထွက်ရှိတော့ မှာဖြစ်ကြောင်း၊ အဲဒီအခွေထဲမှာ ငြိမ်းချမ်း ခြင်းနဲ့ပတ်သက်တဲ့ စာသားတွေ တိုက်ရိုက် ပါဝင်မှာဖြစ်ကြောင်းလည်း ပြောသွားပါ တယ်။

No comments:

Post a Comment

Flag Counter