Search Box

Members

Tuesday, November 6, 2012

အနုပညာရှင်များနိုင်ငံရေး လုပ်ဆောင်ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်ကြောင်း ဟုဆိုသူ အဆိုတော်သျှီ

ပရဟိတလုပ်ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်ခြင်းပဲဖြစ်ပြီး အနုပညာရှင်များ နိုင်ငံရေး လုပ်ဆောင်ခြင်းသည်လည်း နိုင်ငံ့ဂုဏ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုတော်သျှီက ပြောသည်။ ပရဟိတ ရန်ပုံငွေပွဲများတွင်အမြဲလိုလို ပါဝင်သီဆိုနေသူ အဆိုတော်သျှီက ကိုယ့်ကို အနုပညာရှင်အဖြစ် လက်ခံထားတဲ့ ပြည်သူတွေကို သူတို့ အခက် အခဲဖြစ်တဲ့အခါမှာ ပြန်လည်ရိုင်းပင်း ကူညီခွင့်ရသည့် အတွက် ပျော်ရွှင်ပါကြောင်း လုပ်ဆောင်နေသည့် ပရဟိတနှင့် အနုပညာသည် ဒွန်တွဲနေသည်ဟု ခံယူထားကြောင်း ပြောသည်။ ”အဓိကကတော့ ချစ်တတ်တဲ့ နှလုံးသား ရှိရမယ်။ ပြည်သူတွေ အမေစုကို ချစ်သလိုမျိုးပဲ တိုးတက်ပြောင်းလဲမှုတွေ ဖော်ဆောင်တဲ့အ ခြားပုဂ္ဂိုလ်တွေကိုလည်း ချစ်ရမယ်။ ချစ်တာဟာ အပြစ်မရှိဘူး။ မုန်းတာမှ အပြစ်ရှိတာ။ ကိုယ်က ချစ်ပြီး သူကမုန်းတယ် ဆိုတာလည်း အပြစ်မရှိဘူး။ ဒါကြောင့် အချစ်တွေ လူတိုင်းရင်မှာ ရှိတာ ပေါ့။ သျှီတို့ အနုပညာရှင်တွေ လုပ်တဲ့ အရာတိုင်းကို လက်ခံပေးတဲ့ ပရိသတ်တွေကို ကျေးဇူတင် ဝမ်းသာတယ်။ ပရိသတ်နဲ့
အနုပညာရှင်တွေ အတူတူ လက်တွဲပြီး တစ်မြေ ည်းနေ တစ်ရေတည်း သောက်တဲ့ ပြည်သူတွေ ဖြစ်တဲ့အတွက် ဒုက္ခရောက်သူတွေကို ကူညီကြမယ်၊ လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်မယ်ဆိုရင် နိုင်ငံတော် ကြီး လည်း တိုးတက်လာမှာပဲ။ ဘာပဲလုပ်လုပ် အရေးကြီးဆုံးကတော့ ချစ်ခြင်း မေတ္တာပါပဲ”လို့ သျှီက ပွင့်ပွင့်လင်းလင်းပြောသည်။ သျှီက သူ၏ အနုပညာ သက်တမ်း ၁၅ နှစ်ပြည့်တွင် တစ်ကိုယ်တော် ရှိုးပွဲလုပ်ရန် စီစဉ်ထားသော်လည်း အရေးကြီးအကြောင်းတစ် ခုကြောင့် မလုပ်ဖြစ်တော့ကြောင်း သိရသည်။

No comments:

Post a Comment

Flag Counter