Search Box

Members

Tuesday, November 6, 2012

အနုပညာ အလုပ်လုပ်ရင်းနဲ့ စိတ်ဓါတ်ကျမိတာလည်း အခါခါပဲလို့ဆိုသူ နန်းမြတ်ဖြိုးသင်း

လတ်တလောမှာ နန်းမြတ်ဖြိုးသင်းက “အလွမ်းရင့်ရင့်” ဇာတ်ကားမှာ စွမ်း၊ ခိုင်သင်းကြည် တို့နဲ့အတူ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားထဲမှာ နန်းမြတ်ဖြိုး သင်းက ခိုင်သင်းကြည်ရဲ့ ညီမ တစ်ယောက် ဖြစ်ပြီး ခပ်စွာစွာ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက အချစ်ဒရာမာ ဇာတ်ကားလေးဖြစ် ပါတယ်။ နန်းမြတ်ဖြိုးသင်းက ဒီဇာတ်ကားလေးမှာ လုပ်ကွက်လည်း ရပြီး ကိုယ်ရဲ့အနုပညာ စွမ်းရည်ကို ပြခွင့်လည်း ရခဲ့သလို ခိုင်သင်းကြည် နဲ့တွဲပြီး သရုပ်ဆောင် ရတဲ့အတွက် ပညာလည်း ရတာကြောင့် လက်ခံပြီး ရိုက်ဖြစ်တာလို့ ဆိုပါတယ်။ ကိုယ်လက်ခံတဲ့ ဇာတ်ကားပေါ်မှာ တာဝန်ကျေအောင် သရုပ်ဆောင်ပြီး ရွေးချယ်တဲ့ ဇာတ်ပေါ်မှာ အောင် မြင်မှု ရဖို့ ကိုလည်း မျှော်လင့်မိတယ်လို့ ပြော လာတဲ့ နန်းမြတ်ဖြိုးသင်း က…
“နန်းမြတ်က ဘယ်ဇာတ်ကားပဲ လက် ခံ လက်ခံတကယ် ရွေးချယ်ပြီးမှာ လက်ခံ ဖြစ်တယ်။ လက်ခံပြီးတဲ့ အရာကိုလည်း အစွမ်း ကုန် ကြိုးစားဖြစ်တယ်။ ပရိသတ်ရဲ့ တုံ့ပြန် မှုကိုလည်း တအားကို မျှော်လင့်ပါတယ်။ ကိုယ်ကြိုးစားသလောက် အရာထင်ပြီး အောင် မြင်မှု ရမယ်ဆိုရင်လည်း ဝမ်းသာမိမှာ ပါ”လို့ ပြောပါတယ်။
နန်းမြတ်ဖြိုးသင်းက အနုပညာ အလုပ် လုပ်ရင်း စိတ်ဓာတ် ကျလာတဲ့အခါ ပရိသတ် ရဲ့ အားပေးမှုက ခွန်အား ဖြစ်သလို ပရိသတ် ဝေဖန်မှုကလည်း ကိုယ့်အတွက် အရေး ပါတယ်လို့ ဆိုပါတယ်။
“တစ်ခါတလေ ကျရင် လည်း နန်းမြတ် အနု ပညာ အလုပ်လုပ်ရင်းနဲ့  စိတ် ဓာတ်ကျမိတာ အခါခါပဲ
ဖြစ်မိပါတယ်။ ဒါပေမဲ့ ပရိသတ် က နန်းမြတ်ကို ဇာတ်ကားထဲမှာ တအားကောင်းတာပဲ။  အားပေးနေတယ်နော် လို့ပြောလိုက်တာလေး တစ်ခုက ကိုယ့်အတွက် ဒီအလုပ်ကို ဆက်လုပ်ဖို့ အားတွေ ဖြစ်စေခဲ့တာလည်း အကြိမ်ကြိမ် ပါပဲ။ နောက်ပြီး ပရိသတ်က နန်းမြတ်ကို  အကြံ ဥာဏ်ပေးတာတွေကလည်း ကိုယ့်အတွက် တကယ်ကို အကျိုးရှိပါတယ်။ အဝတ်အစား ကအစ၊ အပြင်အဆင်တွေလည်း အကြံဥာဏ် ပေးတယ်။ အဲဒီလို ဆိုရင် လည်း နန်းမြတ်က ပရိသတ်ပေးတဲ့ အကြံ ကို တတ်နိုင်သလောက် ကိုယ်ဘက်က ပြင်ဆင်ပေးတယ်”လို့ပြောပါ တယ်။
နန်းမြတ်ဖြိုးသင်းက ကားရိုက်နေရင်း နဲ့လည်း အဆိုကို တွဲပြီး လုပ်ဖြစ်နေတယ်လို့ သိရပြီး အနုပညာနဲ့ ပတ်သက် လာရင်တော့ နည်းနည်းလောဘကြီး တယ်လို့ပြော ပါတယ်။

No comments:

Post a Comment

Flag Counter