Search Box

Members

Monday, November 5, 2012

စာချုပ်ပြင်ပ ရိုက်ကူးမှု လာရောက် ကမ်းလှမ်းတာ ရှိခဲ့ပေမယ့် ဇာတ်ကားတွေ မရိုက်ဖြစ်ခဲ့တဲ့ စိုးနန္ဒာကျော်

MRTV-4 က ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ရဲ့သင်္ကေတ” အတွဲ(၁)မှာ အောင်မြင်မှု အထိုက်အလျောက်ကို ပိုင်ဆိုင်ခဲ့တဲ့ စိုးနန္ဒာကျော် (မြတ်နိုးခင်) က ရိုက်ကူးမှု အနုပညာ ထဲ ကို ရောက်ရှိလာတာနဲ့ အတူ စာချုပ်ပြင်ပ ရိုက်ကူးဖို့ အတွက် ကမ်းလှမ်း လာတာများ ရှိလာပေမယ့်လည်း လက်ခံထားမှု များ မရှိသေးဘူး လို့ ပြောလာပါတယ်။
“လက်ရှိမှာ ဗီဒီယို ဇာတ်ကားတွေကို ရိုက်ကူးဖို့ အတွက် နယ်ဘက်ကို သွားရိုက်ရမှာ ဆိုတော့ လက်ခံ ထားတာမျိုး မရှိသေးပါဘူး။ ရန်ကုန်မှာ ရိုက်ရမှာ ဆိုတော့လည်း ကား ရိုက်တာ မကြိုက်လို့ မရိုက်ဖြစ်သေးဘူး။ ကြော်ငြာကတော့ ရိုက်ဖို့ လက်ခံထားတာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မရိုက် ဖြစ်သေးပါဘူး” လို့ စိုးနန္ဒာကျော်က ရှင်းပြ လာပါ တယ်။ လာငှားတဲ့ ကာရိုက်တာပိုင်းကို မကြိုက်ဘူး ဆိုတော့ ဘယ်လို ကာရိုက်တာမျိုးက ကိုယ်နဲ့လိုက် ဖက်ပြီးအဆင်ပြေစေဖို့ ရှိနိုင်မလဲ လို့မေးတော့
“သရုပ်ဆောင် ဆိုတာကတော့ ဘယ်လို ကာရိုက်တာ ဖြစ်ဖြစ် သရုပ်ဆောင်ရမှာက ကိုယ်တွေရဲ့ တာဝန်ပါပဲ။ ဒါပေမဲ့ အခု ကိုယ်နဲ့လိုက် ဖက်မယ့် ကာရိုက်တာ ကတော့ အေးအေးနေတဲ့ ဇာတ်ရုပ်မျိုးနဲ့ ပိုလိုက်မယ်လို့တော့ ထင်ပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ပြောတာပါ။ ကာ ရိုက်တာအရ ဆိုးတဲ့ ဇာတ်ရုပ် ဆိုရင်လည်း အကောင်းဆုံး လုပ်ရမှာပါပဲ” လို့ စိုးနန္ဒာကျော်က ပြောပြပါတယ်။ မီဒီယာကမ္ဘာ ကုမ္ပဏီနဲ့ စာချုပ်သက်တမ်း ၂ နှစ်ချုပ် ဆိုထားတာ အခုဆိုရင် လပေါင်းများစွာ ကြာမြင့် လာပြီ ဖြစ်တဲ့ အတွက် စာချုပ် သက်တမ်းကို တိုးဖို့ ထပ်မံပြောဆိုလာတာ တွေရှိလားဆိုတော့ အဲဒါတွေကို ဘာမှ မသိရသေးပါဘူး လို့ စိုးနန္ဒာကျော် ကပြောပြ ခဲ့ပါ တယ်။

No comments:

Post a Comment

Flag Counter