Search Box

Members

Monday, November 5, 2012

ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့်အနဂ္ဂနဲ့ သံသာဝင်း

လူမှုရေးလုပ်ငန်းတွေမှာ အတွဲညီစွာနဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့ အနဂ္ဂ နဲ့သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ ထဲမှာ ပြုလုပ်တော့ မှာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း ၄နှစ်တာကြာမှ ကျင်းပတဲ့ မင်္ဂလာပွဲဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။မင်္ဂလာရက်မြတ်နေ့ကိုလည်း သတ်မှတ်ထားပြီးပြီဖြစ်ပြီးပွဲကျင်းပမယ့်နေ့ရက်ကသူတို့နှစ်ယောက်ရဲ့ ပထမဆုံး စတွေ့ တဲ့ နေ့ရက်ဖြစ်သလို၊ ထူးခြားမှုတွေလည်းရှိနေတဲ့နေ့ရက်လေးတစ်ရက်ပဲဖြစ်ကြောင်း၊ မင်္ဂလာပွဲနေ့ရက်ကိုတော့ မကြာမီမှာပဲ သူတို့အနေနဲ့ ပရိသတ်ကို အသိပေးသွား မှာဖြစ်ကြောင်း သံသာဝင်းကပြောပါတယ်။ချစ်သူသက်တမ်း၎နှစ်တာကာလအတွင်းမှာ အချစ်တွေ မြဲမြံစေဖို့ တစ်ယောက်နဲ့တစ်ယောက်ကဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက် ခဲ့ကြလဲဆိုတဲ့ အမေးကိုတော့ သံသာဝင်း က”သံသာတို့နှစ်ယောက်က နားလည်မှုအများ ကြီးယူစရာတော့ မလိုဘူး။
အဓိကကတော့ပွင့်လင်းဖို့ပဲ။သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သံသာမြင်နိုင် ဖို့နဲ့ သံသာ့ စိတ် ထဲမှာ ဘာတွေရှိလဲဆိုတာ သူမြင်နိုင်ဖို့ကိုပဲ ကြိုးစားကြတယ်။ နားလည်မှုဆိုတာထက် လျှို့ဝှက်မှု မထားတာ က ရှေ့ဆက်သွားဖို့ အားတွေဖြစ် တယ်။ သံသာနဲ့ကိုအနဂ္ဂဆိုရင် သေးသေးလေးကအစ၊ အကြီးကြီးအထိ ပြောစရာရှိတာကို စိတ်ထဲမှာ မထားဘူး။ မျိုသိပ်ပါ များတော့ ပေါက်ကွဲ သွားရင် တစ်ချက်ပဲလေ။ တကယ်တမ်းကျရင်ဘာမှမဟုတ်တဲ့ ပြဿနာ လေးနဲ့စပြီး ကြိုးကပြတ်သွားတတ်တယ်။ စုံတွဲတိုင်း မှာတော့ ဘယ်သူ မဆို ကတောက်ကဆကတော့ ရှိကိုရှိတယ်။ အသေးရှိတယ်။ အကြီးရှိတယ်။ ဒါပေမဲ့လည်း အဲဒါကို ပိုပြီး မကြီးအောင်လို့ တစ်ယောက် နဲ့တစ်ယောက် အလျှော့အတင်းလိုပါတယ်။ ကိုအနဂ္ဂဝါသနာပါတာ၊ သူလုပ်ချင်တာ တော်တော်များများက သံသာနဲ့ တိုက် ဆိုင်နေ တယ်။ ဒါကအနု ပညာသမား ချင်း ၊ဂီတသမားချင်းဖြစ် လို့လည်းဖြစ်မယ်” လို့ ပြောပါတယ်။ မင်္ဂလာဝတ်စုံ ကိုတော့ ဒီဇိုင်နာ မပုံ့ကို အပ် ထားကြောင်း၊  ဖိတ်စာကိုတော့ သူတို့နှစ်ယောက်ပေါင်း အိုင်ဒီယာလေးနဲ့ဒီဇိုင်းဖော် ထားကြောင်း၊ မင်္ဂလာပွဲ ကိုတော့ မနက်ပိုင်းမှာ ဘုရားကျောင်း မှာပြုလုပ်မှာဖြစ်ပြီး၊ ညနေပိုင်း မှာတော့ ဟိုတယ်မှာ Dinner ပြုလုပ်မှာဖြစ်ကြောင်း သံသာဝင်း က ပြောပါ တယ်။

No comments:

Post a Comment

Flag Counter