Search Box

Members

Monday, November 5, 2012

ပုလဲဝင်းရဲ့ လတ်တလောစကား

ပုလဲဝင်းက နေတိုး၊ ရွှေမှုန်ရတီ တို့နဲ့ “အတ္တအဆိပ်” ဇာတ်ကားကို ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားမှာ ရွှေမှုန်ရတီ ရဲ့အမေ တစ်ယောက် အဖြစ် သရုပ်ဆောင်ရ တာ ဖြစ်ပြီး ရိုက်ကူးမှုကို လည်း “အရင်က တော့ အမေခန်း ဆိုရင် ကလေးငယ်ငယ် လေးတွေရဲ့ အမေလောက်ပဲ လုပ်ဖူးတာ။ ဒီလိုမျိုး သမီးရဲ့ အမေတော့ တစ်ခါမှ မလုပ်ဖူးဘူး။ သမီးနဲ့ အမေဖြစ်တတ်တဲ့ သဘာဝလေးတွေပေါ့။ ကိုယ်မရောက်သေးတဲ့ အရွယ်ကို သရုပ်ဆောင် ရတာလည်း စိတ်ဝင်စားပါတယ်။ သမီးတွေရဲ့ အမေ ကိုယ်စား ခံစားပြီး သရုပ်ဆောင်ထားပါ တယ်ဓ လို့ပြောပါတယ်။
ပုလဲဝင်းက ပေါ်ပြူလာ ဂျာနယ် အတွဲ ၁၆၊ အမှတ်၄၂မှာ ပါဝင်တဲ့ “ကောလာဟလ တွေကို ကြံကြံခံနိုင်အောင် ကြိုတင် လေ့ကျင့် ခဲ့ရတယ် ဆိုသူ ပုလဲဝင်း” ခေါင်းစဉ် နဲ့ ပတ်သက်ပြီးလည်း “အနုပညာသမားတွေရဲ့လှုပ် ရှားမှုတွေ ပရိသတ်နဲ့ အမြဲတမ်း အဆက် အသွယ် မပြတ်အောင်၊ ပရိသတ်က ပိုချစ် အောင် စာနယ်ဇင်း သမားတွေက အနုပညာရှင်တွေကို ပံ့ပိုးပေးနေတယ်လို့ ထင်ပါတယ်။ ပုလဲရဲ့ ခံယူချက် ကတော့ ပုလဲတို့ ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ် တွေနဲ့ အဆက်အသွယ် မပြတ်အောင် စာနယ်ဇင်း ကနေ ကူညီပေးနေတယ်လို့ပဲ ပုလဲ ခံယူပါတယ်။ စာနယ်ဇင်း ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အားကစား အများကြီး ရှိတယ်။ ပုလဲတို့ အနုပညာ နဲ့ ပတ်သက်ရင် အဓိကကတော့ အနုပညာသမားရော၊ စာနယ်ဇင်း သမားကရော ပရိသတ်ကို သူတို့ သိစေချင်တဲ့ အကြောင်း အရာလေးတွေ ဝေမျှပေးတယ်။ ကျန် တဲ့နိုင်ငံရေး၊ ကျန်းမာ ရေး ကဏ္ဍတွေက ပရိသတ်တွေကို ပိုပြီး ဗဟု သုတတွေ ကြွယ်ဝစေသလို၊ ပိုပြီး အမြင် ကျယ်စေတာပေါ့။ ပုလဲရဲ့ကိစ္စ ဆိုရင် ခေါင်းစဉ် တင်လိုက် တာလေးတော့ ပုလဲ သဘော မကျပါဘူး။ ကိုယ်ပြောခဲ့တဲ့ စကားဆိုရင် တော့ ကိုယ်တာဝန်ယူတယ်။ ဒီစကားက လည်း စဉ်းစား ကြည့်ရင် ဒီခေါင်းစဉ်က အဓိပ္ပာယ် မရှိဘူး။ တကယ့် ကောလာဟလ အစစ်အမှန် ဆိုရင် အပြင်မှာ အမျိုးမျိုးပျံ့ နှံ့ပြီးမှ ကာယကံရှင်က နောက်ဆုံးမှ သိရတဲ့ သဘောမျိုးလေးတွေ ရှိတယ်လေ။ အနု ပညာရှင် တွေကလည်း ကောလာဟလကို ခံစားဖူးမှာပဲ။ ဒီကောလာဟလ ဆိုတာ ကြိုတင်ပြင် ဆင်လို့ မရဘူးလေ။ နောက်ဆုံးမှ သိရတဲ့ အရာတစ်ခုလေ။ တစ်ခါ တလေ တော့ ရှိနိုင်ပါတယ်။ ကာယကံရှင် ကိုယ်တိုင်က တမင် ဖန်တီးလိုက်တဲ့ ကောလာဟလမျိုး ဆိုရင် တစ်မျိုးပေါ့။ တကယ့်ကော လာဟလ အစစ်အမှန် ဆိုရင် ကာယ ကံရှင် က နောက်ဆုံးမှ သိရတာ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တာက အဓိပ္ပာယ် မရှိဘူးလို့ ခံ စားရတယ် လို့ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter