Search Box

Members

Monday, November 5, 2012

သြစတြေးလျမှာ အငြိမ့်သွားကတဲ့ အေးမြတ်သူ

အေးမြတ်သူက အောက်တိုဘာ ၂၉ ရက်နေ့က သြစတြေးလျကို ဖြိုးငွေစိုး၊ နေမင်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ လင်းဇာနည်ဇော်၊ တက္ကသိုလ် ကိုဇေ တို့နဲ့အတူ တစ်လ ကြာ ဖျော်ဖြေရေးခရီး သွားခဲ့ပါတယ်။ သြစတြေးလျက မြို့၎မြို့မှာ ဖျော်ဖြေမှာ ဖြစ်ပြီး ဒီခရီးစဉ်မှာ ဖျော်ဖြေ တင်ဆက်ရမယ့် အစီအစဉ်ကို မေးတော့ “တက္ကသိုလ် ကိုဇေနဲ့ နှစ်ပါးကဖို့ အငြိမ့်တိုက်ထားတယ်။ အေးမြတ် သူနဲ့ မလင်းနဲ့က နှစ်ပါး မင်းသမီးတွေပေါ့။ ကိုဇေ့ သီချင်းနဲ့ တစ်ပိုဒ်လောက် ကမယ်။ ပြီးရင် ကဖို့သီချင်း ၃ပုဒ် စီစဉ်ထားတယ်။ သီချင်း ဆိုဖို့ကတော့ မလင်း သီချင်းဆိုရင် ဝင်ဆိုမယ်။ ကိုယ်မှ သီချင်းမဆိုတတ်တာ မလင်းနဲ့ ညှိထားတယ်။ အငြိမ့်ကကျတော့ ကနေကျတစ်ပုဒ် ပဲ ရှိတယ်။ ၃ပုဒ်ဆိုတော့ အက သင်ရသေးတာပေါ့” လို့ ပြောပါတယ်။ တစ်လ ကြာမှာဖြစ်တဲ့ အတွက် ဇာတ်ကားရိုက် နည်းနည်းတော့ အဆက်ပြတ် သွားပေမယ့် ဒီကြား ထဲမှာ မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံ ရိုက်ဖြစ်သလို၊ သူရိုက်ထားတဲ့ ဇာတ်ကား တွေလည်း ထွက်လာမယ် ဆိုရင်တော့ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်နိုင်လောက် ဘူးလို့ ပြောပါတယ်။ ခါတိုင်း ခရီးသွားနေ တာက ကိုယ့်ဘာသာ ကိုယ်သွားနေရတာ ပျော်တယ်။ တစ်ခါ သွားရင်လည်း ၃ရက်၊ ၄ရက်ပဲ သွားဖူးတာ။ နိုင်ငံခြား ခရီးစဉ်က
အလုပ်နဲ့ သွားတာ တစ်လကျော် ဆိုတော့ ကိုယ့်အတွက် ဖိစီးမှု များတယ်။ အလုပ်လုပ် မှာက ၄ ရက်တည်းပါ။ ကျန်တဲ့ ရက်တွေက လျှောက်လည်ပြီး အပျော် သွားသ လိုပဲ သွားရမှာ။ ကိုယ့်အစ်ကိုတွေ ကလည်း ရှုပ်ရှုပ်ယှက်ယှက်လည်း မရှိဘူး။ ပျော်စရာလည်း ကောင်းမယ်။ လူညီတယ် လို့ပြောလို့ ရတယ်။ အားလုံးက ပွင့်ပွင့် လင်းလင်းပဲ “လို့ ပြောပါ တယ်။ အေးမြတ်သူက ဒီဇင်ဘာ ၃ဝရက်မှာ ကျင်းပမယ့် အကယ်ဒမီပွဲ အတွက် ဝတ်စုံစီ စဉ်နေပြီဖြစ်ကြောင်း ပြောပါတယ်

No comments:

Post a Comment

Flag Counter