Search Box

Members

Monday, November 5, 2012

စင်ကာပူမှာ ပြုလုပ်တဲ့ Rဇာနည်ရဲ့ One Man Show မှာ ပါဝင်ဖျော်ဖြေခဲ့သူ ထွန်းအိန္ဒြာဗိုရဲ့ စင်ကာပူအပန်းဖြေခရီးစဉ်

ထွန်းအိန္ဒြာဗိုက နိုဝင်ဘာ ၂၈ရက်နေ့  မှာ ကျင်းပမယ့် One Lady Show မတိုင် ခင်မှာ စိတ်တည်ငြိမ်မှုရရှိဖို့အတွက် အောက် တိုဘာ၁၇ရက်မှ ၂၃ရက်နေ့အထိ သဒ္ဓမ္မရံသီ ကျောင်းတိုက်မှာရိပ်သာဝင်ခဲ့ပါတယ်။ စခန်းဝင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၆ရက်နေ့ မှာတော့ စင်ကာပူကို Rဇာနည်ရဲ့ One Man Show မှာ ပါဝင်ဖျော်ဖြေ ဖို့အတွက် သွားခဲ့ပါတယ်။ သားဖြစ်သူ ကျောင်းပိတ်တဲ့အတွက် သားကိုလည်း ဒီခရီးစဉ်မှာ ခေါ်သွားဖြစ်ခဲ့ပါတယ်။ Rဇာနည်ရှိုးပွဲကိုလည်း စင်ကာပူမှာ တအား ကြိုက် ကြကြောင်းကို ထွန်းအိန္ဒြာဗိုက “ဖျော်ဖြေခဲ့ရတာ အားရပါတယ်။ ပရိသတ်တွေက တအားကြိုက်တယ်။ ဒါပေမဲ့ကြော်ငြာအားက အချိန်တိုသွားတော့ တချို့ဆို မသိလိုက် ကြဘူး။ မသိလို့ လာမှာပေါ့ဆိုတဲ့ လူတွေတော်တော်များများက ကျွန်မတို့ ဈေးဝယ်ထွက်တဲ့အခါမှာ တွေ့ကြရ တယ်။ ဒါပေမဲ့ လူတော့ ပြည့်ပါတယ်။ ပရိသတ် ၅ဝဝ ကျော်လောက်တော့ ရှိပါတယ်။ Rဇာနည် ရှိုးဆိုတော့ သူကအဓိကများများဆိုတယ်။ ကျွန်မတို့က
တစ်ယောက်တည်း ၃ပုဒ်ဆိုဖို့ ရည်ရွယ်ထားတာပေါ့။ သူနဲ့စုံတွဲ ၂ပုဒ်ဆိုမယ် လုပ်ထားတာ။ ဒါပေမဲ့ ပွဲမှာတော့ စင်ပေါ်ကပေးမဆင်းတာနဲ့ ၁ဝပုဒ်ဆိုခဲ့ရတယ်” လို့ ပြောပါတယ်။ စင်ကာပူမှာ Rဇာနည်တို့မိသားစုနဲ့ အတူ လျှောက်လည် ခဲ့ကြပြီး အောက်တိုဘာ ၃၁ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ စင်ကာပူခရီးနဲ့ပတ်သက်ပြီး ”ဝမ်းတို့နဲ့လည်း အတူသွားအတူပြန်ကြတယ်။ ယူနီဗာဆယ် စတူဒီယိုကိုတော့ ဝမ်းတို့မိသားစု မလိုက်ဘူး။ ဖစ်ဖစ်တုန်လေးက သိပ်ငယ်သေးတော့ အဲဒီကစီးတဲ့ကစားနည်းတွေသူစီးလို့မရသေးဘူး။ သားသားကိုပဲ သပ်သပ်ပို့လိုက်တယ်။ဒီတစ်ခေါက် မှာသားအတွက်ဘာထူးခြားလာလဲဆိုတော့ ယူနီ ဗာဆယ်စတူဒီယိုမှာအရင်တစ်ခေါက်ကလည်း Rock Climbing တော့လုပ်တယ်။ ဒါပေမဲ့အရင် တစ်ခေါက်ထက် အမြင့်တော်တော်မြင့်မြင့်ကို တက်နိုင်ခဲ့တဲ့ အတွေ့အကြုံရတယ်။ Marina Bay Sandsမှာတော့ ရေခဲစကိတ်လုပ်ခဲ့ရ တယ်”လို့ ပြောပါ တယ်။ ထွန်းအိန္ဒြာဗိုက နိုဝင်ဘာ၉ရက်နေ့မှာ One Lady Show  ပွဲ အတွက် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး ရှိုးနီးလာလေ စိတ်လှုပ်ရှားမှု ပိုဖြစ်လာကြောင်း ပြောပါတယ်။

No comments:

Post a Comment

Flag Counter