Search Box

Members

Tuesday, November 6, 2012

ဒဏ္ဍာရီဆန်တဲ့အချစ်နဲ့ ဝတ်မှုံရွှေရည်ရဲ့ ဇာတ်ကားအကြောင်း

ပြင်ဦးလွင်မှာ ၂ လကြာသွားရောက်ပြီး ဗီဒီယို ၃ ကား၊ ရုပ်ရှင်ဇာတ်ကားကြီး ၁ ကား၊ ကြော်ငြာ ၆ ခုရိုက်ကူးပြီးပြန်လာတဲ့ ဝတ်မှုံရွှေရည်က ပြင်ဦးလွင် ကရိုက်ကူးရေး အမှတ်တရ တွေအကြောင်းကို အခုလိုပြောပြပါတယ်။ “ဇာတ်ကားက ရိုက်မယ်ဆိုပြီး စီစဉ်ထား တာကတစ်ခု၊ မရိုက်ဖြစ်တာက တစ်ခု အဲဒီလိုမျိုး ဇာတ်အပြောင်း အလဲလေးတွေဖြစ်တယ်။ ပြီးတော့ ဦးညီနဲ့ဆိုလည်း ဒီလိုပဲ။ ပထမ ရွာကားလေး ရိုက်မယ်ဆိုပြီး ဇာတ်ပြောင်း လိုက်တာလေးတွေရှိတယ်။ အဆင်ပြေပါတယ်။ ကြော်ငြာ   တွေတော့ အများကြီး ရိုက်ဖြစ်သွားတာပေါ့။ မှတ်မှတ်ရရက ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူးခဲ့တာပေါ့။ ရိုမန့်ဇာတ်ကားလေးမှာ ကိုယ်နဲ့ဘဝမတူတဲ့ လူသားနှစ်ယောက် ရဲ့ အချစ်ကို ပြထားတာပေါ့။ သွေးစုပ်ဖုတ်ကောင်နဲ့ ဒဏ္ဍာရီဆန်ဆန် အချစ်ကားလေးပါ”လို့ နေတိုးနဲ့ရိုက်ကူးခဲ့တဲ့ “အဆုံးမဲ့အချစ်” ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းကို   ပြောပြပါ တယ်။ ပရိသတ်တွေက မတူညီတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ချင်တာကြောင့်ရော၊ ဇာတ်ကား တစ်ကားနဲ့တစ်ကား ဇာတ်လမ်း တွေမထပ်ချင် တာကြောင့် ရော လုပ်လို့ရတဲ့ ဘောင်အတွင်းက ရိုက်ကူးခဲ့တာ ဖြစ်ကြောင်း ဝတ်မှုံရွှေရည် က ဆိုပါတယ်။ ဒီဇာတ်လမ်းဟာ နာမည်ကြီးနိုင်ငံခြားဇာတ်ကားဖြစ်တဲ့ Twilight ဇာတ်ကား နဲ့တော့ ပုံစံမတူဘဲ ၁၉၄ဝ ခုနှစ်က မိန်းကလေး တစ်ယောက်ဟာ အခုခေတ်မှာပြန်ဝင်စားပြီး သွေးစုပ်ဖုတ်ကောင်နဲ့ ချစ်မိခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်ကြောင်း ပြောပါတယ်။
ရန်ကုန်ကိုပြန်ရောက်ပြီး ဦးထုပ်ကြော်ငြာကို ဟိန်းဝေယံနဲ့ ရိုက်ကူးနေတဲ့ ဝတ်မှုံရွှေရည်က ကြော်ငြာလေးတွေ ဆက်တိုက်ဆို သလို ရိုက်ကူးဖြစ်နေပါတယ်။ “ဇာတ်ကား အနေနဲ့ ကိုပြေတီဦးရယ်၊ မဒါ (စိုးမြတ်နန္ဒာ)ရယ်၊ ကိုမင်းဟိန်းရယ်၊ ကစ်ရယ် ၄ယောက် အိမ်ထောင်ရေး ဇာတ်ကား ရိုက်မယ်။ အိမ်ထောင်ရေးကားက ကစ်ရိုက်တာ နည်းတယ်လေ။ ဒီကားလေးကလည်း ဇာတ်လမ်းကောင်း တာကြောင့် ရိုက်ဖြစ်တာ။ မဒါနဲ့ကစ်က လင်ညီအစ်မ၊ ကိုပြေတီဦးရဲ့ ရည်းစားဟောင်းက မဒါ၊ တစ်အိမ်တည်း အတူ နေကြတာ၊ ရွာမှာပေါ့။ အဲဒါကို ပြဿနာလေးတွေ ဖြစ်တတ်တဲ့ သဘာဝလေးတွေနဲ့ ရိုက်မှာ။ ဒါပြီးရင် ကိုဇော် (အရုဏ်ဦး)၊ အောင်ရဲလင်းတို့နဲ့ ဒီဗီဒီတစ်ကား ရိုက်မယ်”လို့ ပြောပြီး အချစ်ဇာတ်လမ်းတွေ ဆက်တိုက် ရိုက်ကူးနေပေမယ့် တကယ့်လက်တွေ့အချစ် ရေးကတော့ အပြောင်းအလဲမရှိသလို အလုပ် ထဲမှာပဲလုပ်နေရ တဲ့အတွက် အချစ်အကြောင်း ပြောရင်တောင် ပျင်းစရာ ကောင်းနေတယ်လို့ ပြောပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးထားပေမယ့် ပရိသတ်တွေရှေ့ရောက် တဲ့ ဝတ်မှုံရွှေရည်ရဲ့ဇာတ်ကားတွေ အထွက် ကျဲတာကြောင့် မေးနေကြတဲ့ ပရိသတ်တွေကိုလည်း ဆက်လက်ပြီး ပရိသတ်အမြင် မကျဲအောင် ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေ ဦးမှာဖြစ်ကြောင်း ပြောပြပါတယ်။ သူ့ဇာတ်ကားမဟုတ်တဲ့ မြန်မာဇာတ်ကားတွေ ထွက်ရင်လည်း ပေါက်တဲ့ ဇာတ်ကားလေးတွေဆို ကြည့်ဖြစ်ကြောင်း ဝတ်မှုံရွှေရည်ကပြောပြပါ သေးတယ်။

No comments:

Post a Comment

Flag Counter