Search Box

Members

Tuesday, November 6, 2012

ပရိသတ်ကို အမှတ်တရ အနေနဲ့ ထုတ်ဖြစ်မယ့် မိုးဟေကို ရဲ့ တစ်ကိုယ်တော် အခွေ

‘အတ္တကိုခြယ်တဲ့ ရောင်စဉ်’ ဇာတ်ကားမှာ မိုးဟေကို က နေတိုး၊ ရွှေမှုန်ရတီ တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်နေပြီး သင်္ကြန်ရက် ကိုတော့ အလုပ် မလုပ်ဖြစ်ဘူး လို့ ပြောပါ တယ်။ သင်္ကြန်ဆို မိသားစုနဲ့ အတူ ခရီးထွက်ဖြစ်တာ များတယ်လို့ ဆိုတဲ့ မိုးဟေကိုက ”သင်္ကြန်ဆို သူများတွေ ပျော်တာကို ကြည့်ရတာ ပိုပြီး သဘောကျတယ်။ ဒီနှစ် သင်္ကြန် အတွက်ကို ဘာမှမစီစဉ် ရသေးဘူး။ ဒီရက်ပဲနားတာ ဆိုတော့ အေးအေးဆေးဆေး အပြည့်အဝ နားချင်တယ်။ အိမ်ကလည်း နားစေချင် တဲ့အတွက် နားဖြစ်တာ ပါ” လို့ ပြောပြပါတယ်။ မိုးဟေကိုက ဇာတ်ကား ရိုက်တွေ၊ဓာတ်ပုံ ရိုက်တွေ ဆက်တိုက် လုပ်နေရတဲ့ အတွက် သီချင်း ဆိုတာ ဝါသနာပါပြီး သီချင်းခွေ အတွက် ကိုတော့ ကြိုးစားနေရတယ်လို့ ဆိုတာကြောင့် ”တစ်နေ့လုံး ဇာတ်ကားတွေ ရိုက်နေရတော့ ညနေဆို အိမ်ပြန်ချင်တယ်။ ကျောင်းသူ တစ်ယောက် ကျောင်းတက် ရသလို မနက် ကျောင်းသွားပြီးရင် အိမ်ပြန်ချင်တယ်။ တစ်နေကုန် မိုးလင်းကတည်းက ရိုက်ကွင်းမှာ အလှတွေပြင်၊ အင်္ကျီတွေ တစ်ထည်ပြီး တစ်ထည်လဲနေ ရတဲ့သူ တစ်ယောက် ဆိုတော့ ညနေကော်ဖီဆိုင် သွားဖို့ အင်္ကျီလဲပြီး သွားရမှာကို မသွားချင်ဘူး။ အဲဒါကြောင့် သီချင်းခွေကို ကြိုးစားနေ တယ်။တစ်ခါတလေ သီချင်း ကိုဝါသနာ ပါတာတောင် ဆိုချင်တဲ့စိတ် မရှိတာ များနေတယ်။ ကိုယ်ပိုင်အချိန် ကို ဖဲ့ပြီးသီချင်းဆိုဖို့ ကြိုးစားနေပါတယ်။ ပရော်ဖက်ရှင်နယ် လုပ်တာ မဟုတ်ပါဘူး။ မိုးဟေရဲ့အဓိက ဝါသနာပါတာ ကသရုပ်ဆောင်ပါ။ သီချင်းဆိုတာက ဒုတိယဝါသနာ ပါတာပါ” လို့မိုးဟေကို ကပြောပါတယ်။ ‘ရန်အောင်နဲ့ နတ်သမီးများ’ ရှိုးပွဲမှာလည်း ရန်အောင်နဲ့ သီဆို ဖျော်ဖြေမှုကိုလည်း ပရိသတ်တွေက သဘောကျတဲ့ အတွက် သီချင်းခွေကို လည်း ပိုပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပြပါတယ်။                           

No comments:

Post a Comment

Flag Counter