Search Box

Members

Tuesday, November 6, 2012

2NE1ဆိုတဲ့ ကိုရီးယားအဆိုတော် အဖွဲ့ဝင်တစ်ဦးနဲ့တူလို့ ကျေနပ်နေတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးက မန္တလေးက ရွှေပြည်သာဟိုတယ်ဖွင့်ပွဲကို ရောက်ရှိလာပါတယ်။ လတ်တလောမှာတော့ ရိုက်ကူးရေးနဲ့ သူ့ ကုမ္ပဏီတွေ အလုပ်ရှုပ်နေတာကြောင့် Recording ဘက်ကို သိပ်ပြီးမလှည့်နိုင် သေးဘူးလို့ပြောပါတယ်။ နန်းဆုရတီစိုးက သူနားလည်တဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး  ”လူတစ်ယောက် အောင်မြင်တယ်၊ ကျ ရှုံးတယ်ဆိုတာ အမြဲတမ်းပုံမှန်မရှိပါဘူး။ တက်လိုက်ကျလိုက်နဲ့ပါပဲ။ ဒါပေမဲ့ အောင် မြင်မှုထိန်းသိမ်းရတာ တော်တော်ခက် တယ်လေ။ အောင်မြင်မှုရဖို့ အသေးစိတ် အချက်အလက်တွေ အများကြီး လိုအပ်ပါတယ်။ ကျရှုံးတဲ့အချိန်လည်း အသေးစိတ် အချက်အလက်တွေ အများကြီးရှိပါတယ်။အဓိကကတော့ အရည်အချင်း၊ စိတ်နဲ့ လူမှုဆက်ဆံရေးတွေ၊ စေတနာတွေပါ ရမယ်”လို့ပြောပြခဲ့ပါတယ်။ နန်းဆုရတီစိုးကို လတ်တလော အနုပညာအသိုင်းအဝိုင်းနဲ့ သူ့ပရိသတ်တွေက2NE1ထဲက ကိုရီးယားအဆိုတော်နဲ့ တူတယ်ပြောကြ တယ်လို့ပြောတဲ့ ကမ္ဘာကျော်သရုပ်ဆောင် တစ်ယောက်နဲ့ တူတယ်ပြောလို့ နန်းဆုရတီစိုးက ဝမ်းသာပီတိ ဖြစ်ရတယ် လို့ ပြောပါ တယ်။ တူတယ်လို့ပြောလို့ ကျေနပ်သလို  သူကိုယ်တိုင်လည်း  အဲဒီမင်းသမီးကို ကြိုက်တယ်လို့ပြောပါတယ်။ သူ့ပရိသတ်တွေက သူ့ကို ကိုရီးယားပုံစံလေးတွေ ဝတ်တာ ကြိုက်တယ်ပြောပြီး အဲဒီလို ဝတ်ဖို့ တိုက်တွန်းတယ်လို့လည်း နန်းဆုက ပြောပြခဲ့ပါတယ်။ 

No comments:

Post a Comment

Flag Counter