Search Box

Members

Tuesday, November 6, 2012

သရုပ်ဆောင်တဲ့ နေရာမှာတော့ သူလိုချင်တဲ့ နေရာ မရောက်သေးကြောင်း စွမ်း ပြော

သီတင်းကျွတ် မှာတော့ စွမ်းက မန္တလေးမှာပဲ ဇာတ်ကရင်း ရှိခဲ့တယ်လို့ ပြောပြပါတယ်။ ဇာတ်ကဖို့အတွက် မန္တလေးမသွားခင် ‘အလွမ်းရင့်ရင့်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ ပါတယ်။ မန္တလေးမှာပြီးတာနဲ့ နယ်တွေမှာ ၁ လကျော်ကြာ ဇာတ်ကဖို့အတွက် သွားမှာဖြစ်တဲ့ စွမ်းက တင်ဆက်မှု ထူးခြားတာတွေ နဲ့ ပရိသတ်ကြည့်ရတာ တန်စေမယ့် တင်ဆက်မှုတွေ လုပ်ထားတယ် လို့လည်း ပြောပြပါတယ်။ ဇာတ်သဘင် မှာလည်း ပရိသတ် အားပေးမှု ရထားသလို ဇာတ်ကားတွေ မှာလည်း ပရိသတ် အားပေးကြပေမယ့် ဇာတ်ကားပိုင်းမှာတော့ ပိုကြိုးစားရဦးမယ်လို့ ဆိုလာတဲ့ စွမ်းက “ကျွန်တော်က သဘင်ဘက်မှာ ပိုအောင်မြင်တယ်လို့ ပြောလို့ရတယ်။ သဘင်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျွန်တော် လိုချင်တဲ့ နေရာကို ရောက်တယ်။ ကျွန်တော် ၂ နှစ်ပိတ် ခံရတာတောင် မလျှော့သော အားနဲ့ စိတ်ဓါတ် မကျဘဲ တစ် ကနေ ပြန်စခဲ့တယ်။ သရုပ်ဆောင်ဘက်မှာ ကျွန်တော် လိုချင်တဲ့ နေရာ မရောက်သေးသလို၊ ရောက်ဖို့ အတွက်လည်း ကျွန်တော့်မှာ အတတ်ပညာ အားရော၊ ပံ့ပိုးမှု အားရော၊ အချိန်တွေရော အများကြီး လိုအပ်တယ်။ ‘မင်း’ ကုမ္ပဏီက တော့ ပံ့ပိုးမှု ပေးတယ်။ သူတို့ဘက်က ပံ့ပိုးပေးတိုင်း ကျွန်တော့်မှာ အချိန် မပေးနိုင်ဘူး။ ပွဲတွေ တောက်လျှောက် ကနေနေတော့ ဒီဘက်ကို ဖိဖိစီးစီး မလုပ်နိုင်ဘူး၊ ဘယ်အချိန်ကျမှ ဇာတ်သဘင်ဘက်ကို လျှော့ပြီး ဒီဘက်ကို လုပ်ဖြစ်မလဲ ဆိုတာတော့ မသိ ဘူး။ ဒီနှစ်က ဇာတ်စထောင်တာ ဆိုတော့ သဘင်မှာပဲ ကြိုးစားဖြစ်နေတယ်” လို့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter