Search Box

Members

Tuesday, November 6, 2012

ပရိသတ်တွေ နေ့စဉ်ကြုံတွေ့ နေရတဲ့ ပြဿနာတွေကို ဇာတ်လမ်း အဖြစ် ရိုက်ကူးနေသူ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “လမ်းပိတ်နေသည် ဆက်သွယ်လို့ မရသေးပါ” ဇာတ်ကားကို ခန့်စည်သူ၊ ရွှေမှုန် ရတီ တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ကို ကြော်ငြာမှာ “လမ်းပိတ်၍ ဆက်သွယ်မရနိုင် သူများ ပါဝင်သည်” လို့ ရေးထားတာ ကိုလည်း တွေ့ရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ဒီလိုမျိုး စာသားလေးတွေ ပါလေ့ရှိပြီး ဒီလို ထည့်ဖြစ်ပုံ ကိုလည်း “ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ထည့်ဖြစ်တာ။ ဇာတ်ကားမှာ အမှတ်တရ ဖြစ်စေမယ့် နာမည်လေးတွေပေါ့။ ပရိသတ် အတွက်လည်း စွဲဆောင်မှုလို့ ပြောလို့ ရနိုင်တယ်။ ဇာတ်ကား နာမည် ရရင် ထည့်လို့ရပါပြီ။ ဒီဇာတ်ကားက ကားတွေ ပိတ်ပြီး မင်္ဂလာပွဲကို အချိန်မီ မရောက်လို့ ဘဝပျက်သွားတဲ့သူ အကြောင်း၊ ဖုန်းဆက်တာ ဆက်လိုက်တိုင်း ဆက်သွယ်မှု ဧရိယာ ပြင်ပ ဖြစ်လိုက်၊ ဆက်သွယ်မှု လိုင်းများ မအားသေးပါဖြစ် လိုက် နဲ့ ဘဝပျက်သွားတဲ့ ကောင်မလေး တစ်ယောက် အကြောင်း ရိုက်ထားတာ။ ဒါက နေ့တိုင်းကို ကြုံတွေ့နေရတဲ့ ပြဿနာပဲ။ ပရိသတ်တွေလည်း ဒါတွေနဲ့ နေ့စဉ် ကြုံတွေ့နေ ရတာပါပဲ။ အဲဒီကနေ အခြေခံထားတဲ့
ဇာတ်လမ်း တစ်ခုပါ” လို့ ပြောပြပါတယ်။
ခေတ်ကာလ အခြေအနေနဲ့ လိုက်ဖက်တာတွေကို ရိုက်ပြသွားပြီး သာမန် ဇာတ်လမ်း တွေပဲရိုက်နေရင် မထူးခြားဘူး လို့ပြောပြလာ တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “အရင်တုန်းက ဒီလိုဇာတ်မျိုးဆို မရဘူး။ အခုဆို ဒါတွေ ရသွားပြီ။ ဒီလို အချိန်မှာ သာမန် အချစ် ဇာတ်လမ်းတွေပဲ ရိုက်နေလို့ မထူးခြားဘူး။ အဲဒါကို ထူးထူးခြားခြားလေး ပြလိုက်ရင် ပရိသတ်လည်း ချင် ခြင်း တပ်တာပြေမယ်။ ကိုယ် လည်း အာသာပြေမယ်။ အရင် တုန်းက ရိုက်တဲ့ ဇာတ်လမ်းမျိုးကို အခုချိန်မှာ ရိုက်ရင် ဘယ်သူမှ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ အစ ကတည်းက  လွတ်လပ်မှုကို ကြိုက်တယ်။ ဒါပေမဲ့ တစ်ခု ရှိတာက ကလေးတွေ အတုယူ မှားမှာမျိုးတွေ၊ အပြာဆန်တဲ့ ကားမျိုးတွေ၊ တဏှာ၊ ရာဂကို နိုးကြွစေမယ့် အပြမျိုးတွေတော့ ရှောင်ကြဉ် သင့်တယ်။ မြန်မာဖြစ်နေလို့ ယဉ်ကျေးမှု အောက်မှာနေတယ်။ မလွှဲ မရှောင်သာပြ မယ် ဆိုရင် အသက် သတ်မှတ်ချက်နဲ့ ရိုက်ရမယ်။ ဦးမျိုး ရိုက်ထားတဲ့ ဆေးပညာ ပေးကားဖြစ်တဲ့ “နှောင်းချစ် ဝေ့လည်” ဆိုတဲ့ ဇာတ်ကားမှာ ပြေတီဦး၊ ဖိုးကျော်၊ စိုးမြတ်သူဇာ၊ ချစ်သုဝေ တို့နဲ့ ရိုက်ထားတယ်။ ၁၅ နှစ်အောက် မကြည့်ရဘူးလို့ သတ်မှတ်ထားတယ်။ ဆေးပညာပေး ဇာတ်ကား ဖြစ်တဲ့ အတွက် အခွေ ကာဗာမှာရော၊ ဝေါလ်ရှိ မှာရော တိုက်တွန်းချက် ရေးထားတယ်။ ၁၅ နှစ် အောက် မကြည့်ရပေမယ့် တခြား အရွယ် ရောက်ပြီးသား လူတွေ အတွက် ပညာပေး ဖြစ်တာကြောင့် ရိုက်တာပါ” လို့ပြောပြ ပါတယ

No comments:

Post a Comment

Flag Counter