Search Box

Members

Tuesday, November 6, 2012

တောင်ကြီးမောက်မယ် အထူးသနပ်ခါး တီဗီကြော်ငြာအသစ် ရိုက်ကူး

နှစ်ပေါင်းများစွာ ပရိသတ်အားပေးမှုကို ရရှိထားသော တောင်ကြီးမောက်မယ် သနပ်ခါး တီဗီကြော်ငြာ အသစ်ကို ရိုက်ကူးပြီး မကြာမီ ထုတ်လွှင့်ပြသတော့မည်ဟု သိရသည်။ တောင်ကြီးမောက်မယ် သနပ်ခါးသည် ယခင်က ဝက်ခြံ၊ တင်းတိပ်ပျောက်ဆေး သနပ်ခါးအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေလောင်ဒဏ်ခံ အသားနုချော အထူးသနပ်ခါးအဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။ တောင်ကြီးမောက်မယ် သနပ်ခါးကို Libra Co., Ltd မှ ထုတ်လုပ်ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး ပရိသတ်၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို ရရှိနေသည့် သနပ်ခါးဖြစ်သည်။ တောင်ကြီး မောက်မယ် အထူးသနပ်ခါး ကြော်ငြာ အသစ်ကို တီဗီကြော်ငြာ ဒါရိုက်တာအဖြစ် ဓာတ်ပုံဝေဖြိုးက ရိုက်ကူးခြင်းဖြစ်သည်။ ဇာတ်ညွှန်းကို ဒီဇိုင်နာသိုးထိန်းကခွဲပေးပြီး ကင်မရာမင်းန် အပ်ချည်က ရိုက်ကူးပေး ခြင်းဖြစ်သည်။ တီဗီကြော်ငြာကို (၃)မျိုးရိုက်ကူးပြီး (၂)မျိုးမှာ ယခင်တောင်ကြီးမောက်မယ်သီချင်းကို အသုံးပြုပြီး အဆိုတော်သားစိုးရေးသားသည့် သီချင်းသစ်(၁)ပုဒ်ကိုပါ အသုံးပြုထားသည်။ သီချင်းအသစ်ကို အဆိုတော်သားစိုးနှင့် ဝင့်နန္ဒာအောင်တို့က သီဆိုပေးထားခြင်းဖြစ်သည်။ သရုပ်ဆောင်မှုကိုတော့ မော်ဒယ်သရုပ်ဆောင် မာရီနာနှင့် မျက်နှာသစ်မော်ဒယ်(၄)ဦးတို့က သရုပ်ဆောင်ပေးထားကြခြင်းဖြစ်သည်ဟုသိရသည်။

No comments:

Post a Comment

Flag Counter