Search Box

Members

Tuesday, November 6, 2012

အဓိကအနေနဲ့ ခိုးကူးတွေရဲ့ဒဏ်အတော်ကိုသက်သာလာတယ် မင်းမော်ကွန်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အရေးကိစ္စရပ်များမှာ ထဲထဲဝင်ဝင်မပါဝင် မလုပ်ဆောင်ဖြစ်သေးဘူးလို့ ပြောပြတဲ့ မင်းမော်ကွန်းက ဖခင်ဖြစ်သူ ဦးဇင်ဝိုင်း မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အရင်တုန်းကလို စကားပြောတိုင်ပင်ချိန်တွေ သိပ်မရှိတော့ဘူး လို့ပြောပြလာပါတယ်။
”အရင်တုန်းကဆိုရင် တိုင်ပင်ဆွေးနွေးဖြစ်တယ်။ အခုကျတော့ သားအဖနှစ်ယောက် တိုင်ပင်ဆွေးနွေးဖို့အတွက်ကို အချိန်တောင် မရှိသလောက်ဖြစ်နေပြီ။ အဖေက အခု ဆိုလုံးဝကို မအားတော့ဘူး။ ကျွန်တော်နဲ့ စကားပြောချိန်မရှိအောင်ကို အလုပ်တွေရှုပ်ပါတယ်။ ကျွန်တော်ကလည်း အလုပ်ရှုပ်၊ သူကလည်း အလုပ်ရှုပ်နေတာနဲ့ ဆိုတော့ သားအဖနှစ်ယောက် စကားပြောချိန်ကို သိပ်မရှိတော့ပါဘူး” လို့ မင်းမော်ကွန်းက ပြောပြ ပါတယ်။
စကားပြောချိန်လျော့နည်း လာပေမယ့်လည်း အစည်းအရုံးအတွက် ခိုင်းလာရင်တော့ အမြဲလုပ်ပေးဖြစ်ကြောင်း၊ ဒါပေမဲ့လည်း လုပ်ကိုင်ပေးရတာက နည်းပါတယ် လို့ ပြောပြလာတဲ့ မင်းမော်ကွန်းကို အမှု ဆောင်တွေ ပြောင်းလဲပြီး ခြောက်လတာကာလမှာဘာတွေ ပြန်တည့်မတ်လာနိုင်ခဲ့လဲလို့မေးတော့…”အဓိကအနေနဲ့ ခိုးကူးတွေရဲ့ဒဏ် အတော်ကို သက်သာ
လာတယ်။ ဈေးကွက် အခြေအနေတွေလည်း နည်းနည်း ပြန်ကောင်းလာတယ်။ နယ်ဈေးကွက် လေးတွေလည်း အခုဆိုရင်ပြန်မာ လာနေတာကို တွေ့နေရပြီ။ ရိုက်ကူးမှုအပိုင်းတွေမှာဆိုရင် နဂိုကတည်းက အဆင်ပြေအောင် လုပ်နေကြရတာပါ။ ဆယ်ရက်တစ်ကားတွေ၊ ဘာတွေ မသတ်မှတ်ခင် ကတည်းက တစ်လကို ကျွန်တော်နှစ်ကားလောက်ပဲ ရိုက်ပါတယ်။ အဲဒီလိုရိုက်တဲ့အတွက် အချိန်ပေးမှုအပိုင်း၊ ရိုက်ကူးမှုအပိုင်းမှာတော့ ပြဿနာမရှိပါဘူး” လို့ပြောပါ တယ်။
အခုအချိန်မှာ ပိုမိုပွင့်လင်းမြင်သာလာတဲ့အတွက် အရင်တုန်းကလုပ်ခွင့်မရခဲ့တဲ့ ကာရိုက်တာလေးတွေ၊ ဇာတ်လမ်းလေးတွေကိုလည်း ရိုက်ကူးဖို့ စဉ်းစားထားတယ် လို့ပြောပြခဲ့တဲ့ မင်းမော်ကွန်းက ဒါရိုက်တာကျော်ဇောလင်း၊ မင်းသမီး ဝတ်မှုံရွှေရည်တို့နဲ့ ဇာတ်ကားတစ်ကားရိုက်ကူးနေပြီး ဇာတ်ကားရဲ့နာမည်ကိုတော့ အတိအကျ မပေးရသေးဘူး လို့ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter