Search Box

Members

Tuesday, November 6, 2012

အဆိုတော်မာမာအေးသီ ချင်းတွေကို နှစ်သက်ခဲ့ကြောင်း သဲနုဝါ ပြော

မြန်မာသံစဉ်သီချင်း ကို ခုံမင် ပြီး အခုချိန်ထိ မြန်မာသံစဉ်တွေကိုပဲ သီဆိုကာ ပရိသတ်အား ပေးမှုကို ရရှိ ခဲ့သူ အဆိုတော်သဲနုဝါကို မြန်မာသံ စဉ်ကို ဘယ်အရွယ်ကစ ပြီး စိတ်ဝင်စား သီဆို ဖြစ်လဲလို့ မေးကြည့်တော့”မြန်မာသံစဉ်ကို ၉နှစ်အရွယ်ကတည်းကစိတ်ဝင်စားတာပါ။ သင်တန်းတွေ ဘာတွေမတက်ဖြစ်ပေမယ့် သဲနု ဝါသနာ ပါတဲ့ မြန်မာသံစဉ်ကို သီဆိုခဲ့တဲ့ နာမည် ကြီး အဆိုရှင်တွေ ဆိုတာကို လိုက်ဆိုတယ်။ အသံ အတွက် ဘာသင်တန်းမှ မတက်ခဲ့ပါဘူး။ မြန်မာ သံစဉ်ကို ချစ်တယ်၊   မြတ်နိုးတယ်။ ဒါကြောင့် ပါရမီနဲ့ ကြိုးစားမှု၊ ပရိသတ်တွေရဲ့ အားပေးမှု တွေကြောင့် အခုချိန်ထိ တစ်ကိုယ်တော်အခွေ ထုတ်နိုင်တယ်လို့ ယုံကြည်တယ်”လို့ ပြောပြခဲ့ ပါတယ်။ မြန်မာသံစဉ်မြတ်နိုးသူ တစ်ယောက် အနေနဲ့ မြန်မာသံစဉ် သီဆိုရုံသာမက ဂီတလော က မှာအားကျပြီးနှစ်သက်ခဲ့သူရှိလားလို့မေးကြည့် တော့ သဲနုဝါက “ဂီတလောကမှာ သိပ်ကို အား ကျပြီး နှစ် သက်ခဲ့သူကတော့ ဒေါ်မာမာအေးပါ။ အသံအား တအားကောင်းတယ်။ သီချင်းတစ်ပုဒ်ကို သီဆိုတဲ့အခါမှာ တကယ်ခံစား သီဆိုတတ်ပြီး ဆို ပေါက်တအားကောင်းခဲ့သူပါ။သူ့သီချင်းတွေကို အမြဲနားထောင်တယ်။
ပြီးတော့ ဆိုကျင့်တယ်။ တခြား အားကျရတဲ့ ဂီတပညာရှင်၊ အဆိုရှင်တွေ လည်း အများကြီးရှိပါတယ်။ အန်တီမာ မာအေးဟာ အသံကောင်းသလို၊ မြန်မာ သံစဉ် နဲ့ပတ်သက်ပြီး ဗဟုသုတလည်း ရှိ တယ်လေ”ဟု ပြောပြခဲ့ပါတယ်။ အနုပညာ ရှင်တစ်ယောက် အနေနဲ့ အနုပညာ ဗဟုသုတအပြင် တခြားဗဟုသု တ တွေကို ဘယ်လောက်ထိ အရေးပါလဲလို့ မေးကြည့် တော့”အနုပညာသမားမှာလည်း အနုပညာ ဗဟုသုတအပြင် အခြားဗဟုသုတလည်း ရှိ သင့်တယ်။ ကိုယ်ကအနုပညာရှင်ဖြစ်တဲ့ အတွက် ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း ဟာ လွဲမှား ခဲ့ရင် ပရိသတ်တွေ ဘယ် လိုမြင်မှာလဲ စဉ်းစားဖို့ လိုတယ်။ ပရိသတ်အပေါ် အလေးထားခြင်း၊ ကိုယ့်အရည်အချင်းကို မြှင့်တင်ခြင်းအားဖြင့် ဗဟုသုတတွေရှာဖွေ သင့်တယ်လို့ ယုံတယ်။”ဟု
ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter