![]() |
ဝိုင်းစုခိုင်သိန်း |
ဝိုင်းစုရဲ့ အခွေက အခု VCD ရိုက်နေတာ ငါးပုဒ် ကျန်သေးတယ်။ ငါးပုဒ်ကို သြစတြေးလျ မသွားခင် သုံးပုဒ် ရိုက်သွားမယ်။ ပြန်ရောက်ရင် တစ်ပုဒ် ရိုက်မယ်။ တစ်ပုဒ်ကကို ရဲတိုက်နဲ့ ဖွေးဖွေးရိုက်မယ်။ တစ်ပုဒ်က ဝိုင်းစု မောင်လေး ကောင်းထိုက်ကျော်နဲ့ ရိုက်မယ်။ “ရုပ်ဆိုးမ” သီချင်းမှာ ဝိုင်းစုပါတယ်။ မေဂရေ့စ်လည်း ပါတယ်။ ပြန်လာလို့ တစ်ပုဒ် ရိုက်ပြီးရင်တော့ ထုတ်လို့ရပါပြီ။ ဝိုင်းစု သြစတြေးလျကို ခြောက်လပိုင်း လေးရက်နေ့ သွားမယ်။ ရက်နှစ်ဆယ်လောက် ကြာမယ်။ သြစတြေးလျမှာ ရှိုးသွားဆိုမှာပါ။ ဝိုင်းစုကို ဆိုဖို့ပြောထားတာ ကြာပြီ။ ဝိုင်းစုနဲ့အတူ ကိုရဲလေး ပါမယ်။ နောက်ပြီး ဦးကိုင်ဇာ၊ မနော်လီဇာ ပါမယ်။ ဝိုင်းစုက ရှိုးတိုင်းကို ပရိသတ်တွေ ကြိုက်မယ့် သီချင်းတွေကို ရွေးပြီး ဆိုဖြစ်တာ
များတယ်။ ဝိုင်းစု သြစတြေးလျက ပြန်လာရင် VCD ကို ပြီးအောင် ရိုက်ပြီးရင် ပရိသတ်ဆီကို ပို့ပေးလို့ ရပါပြီဆိုပြီး အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက 8 DAYS ကို ပြောပြခဲ့ပါတယ်။
No comments:
Post a Comment