Search Box

Members

Monday, June 18, 2012

၁၈ နှစ်ပြည့်သွားလည်း မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတယ် (စံရတီမိုးမြင့်)

စံရတီမိုးမြင့်

မွေးနေ့က နှစ်တိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပဖူးတယ်။  ဒီလို (၁၈) နှစ်ပြည့် မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ပြီး လှူဒါန်းတာက ပထမဆုံးပဲ ခုလို ကုသိုလ်ကောင်းမှုတစ်ခု လုပ်ရတဲ့အတွက် ကိုယ့်အတွက် အမှတ်တရပေါ့။ အသက် (၁၈) နှစ်ပြည့်သွားပြီ ဆိုပေမယ့် ဒီနိုင်ငံမှာက ယဉ်ကျေးမှု ထုံးတမ်းစဉ်လာက ရှိပြီးသားလေ။ အိမ်ထောင် မပြုသေးသရွေ့ မိဘအုပ်ထိန်းမှု အောက်မှာဘဲ ရှိနေတာဆိုတော့ (၁၈) နှစ်ပြည့်လည်း စံရတီက မိဘရဲ့ အုပ်ထိန်းမှု အောက်မှာပဲ ရှိပါသေးတယ်။ စံရတီအတွက် အားလုံးက အနုပညာ မောင်နှမတွေပဲ။ ကိုယ့်အတွက် လိုအပ်တာရှိရင် အားလုံးက အကူအညီပေးကြတယ်။ သူနဲ့ ပတ်သက်ပြီး ပြောကြတာတွေလည်း အချိန်တန်ရင်တော့ ပြီးသွားမှာပါ။ ကိစ္စတစ်ခုကို သတင်းကြားပြီဆိုရင် လူတွေကပြောကြမှာပဲ။ စံရတီ အလုပ်တွေပဲ အာရုံစိုက်ပြီး လုပ်နေပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး စံရတီရဲ့ ကြိုးစားမှုတွေကိုပဲ အာရုံစိုက်စေချင်ပါတယ်။ မွေးနေ့ လက်ဆောင်ကတော့ တစ်ယောက်သောသူဆီက ထူးထူးခြားခြား လက်ဆောင်မျိုးကိုတော့ လိုချင်မိတယ်။

No comments:

Post a Comment

Flag Counter