![]() |
စိုးပြည့်ပြည့်စံ |
သရုပ်ဆောင် စိုးပြည့်ပြည့်စံအနေနှင့် ဗီဒီယို ဇာတ်ကားများတွင် အများအပြား ဆက်လက် သရုပ်ဆောင် လုပ်ကိုင်နေသလို၊ ယခုအခါတွင် အဆိုတော် အလုပ်ကို ပထမဦးဆုံး ခြေလှမ်းစတင်ခဲ့ပြီ ဖြစ်ပါတယ်။ “ကြိုးဖြည်ပေးပါ” ဟု အမည်ပေးထားသည့် သူ၏ ပထမဦးဆုံး စီးရီးနှင့် ပတ်သက်ပြီး စိုးပြည့်ပြည့်စံမှ “ကြိုးဖြည်ပေးပါ စီးရီးကို (၁၂) လပိုင်း မတိုင်ခင်၊ ညီမရဲ့ မွေးနေ့ဖြစ်တဲ့ (၁၂) လပိုင်း (၂၉) ရက်နေ့ ပတ်ဝန်းကျင်လောက် ထွက်ဖြစ်အောင် ထွက်မှာပါ။ ပါဝင်တဲ့ ဂီတ အမျိုးအစားတွေက Pop Rock ဂီတ အမျိုးအစားတွေ ပါဝင်မှာပါ။ စုံတွဲ သီဆိုမယ့်သူတွေက ဥာဏ်လင်းအောင်၊ ဆိုတေး၊ မိုးထက်၊ ဝီလျှံ၊ Zay ဇင်ဇော်တို့နဲ သီဆိုပေးထားပြီး၊ တေးရေးဆရာတွေက စိုးလင်း၊ သားကြီး၊ ဂျောက်ဂျက်၊ ဝီလျှံ၊စိုးထက်၊ သုဝေနှင့်
စိုးပြည့်ကိုယ်တိုင် (၂) ပုဒ် ရေးသားထားပါတယ်။ ပထမဦးဆုံး တေးစီးရီး ပြီးရင်တော့ (၂) လပိုင်း (၁) ရက်နေ့မှာ တေးရေးဆရာ စိုးလင်းရဲ့ နှစ် (၂၀) ပြည့် VCD မှာလည်း သီဆိုပေးတော့ပါတယ်” ဟု ဖြေကြားသွားခဲ့ပါတယ်။
TMZ
8 Days Journal
No comments:
Post a Comment