Search Box

Members

Monday, June 18, 2012

တစ်ကိုယ်တော်ခွေ စီစဉ်နေတုန်းပါ – ဇမ်နူး

 ဇမ်နူး

တစ်ကိုယ်တော်စီးရီးအတွက် သီချင်းလေးတွေ ပြီးသလောက် ဖြစ်သွားပါပြီ။  မိုးတွင်းလောက် အပြီးမှာတော့ တခြား လုပ်ဆောင်ရမယ့် မန္တလေးတွေက ရှိသေးတယ်လေ။ အခုက စီစဉ်သူ၊ မန်နေဂျာကလည်း အဆိုတော်ပဲ ဖြစ်နေတာပဲ ဆိုတော့လေ။ စီးရီး Title လည်း မပေးရသေးဘူး။ စဉ်းစားနေတုန်းပါ။ စီးရီးအတွက်ကတော့ ပြီးသလောက် ဖြစ်နေပါပြီ။ ဘယ်လို ဂီတ အမျိုးအစားတွေ ပါမလဲ ဆိုတာကတော့ ကိုယ့်ပရိသတ်ကိုလည်း တာဝန်ကျေစေချင်တော့ ဂီတမျိုးစုံ ပါဝင်တဲ့အတွက် ဒီလောက်အထိ ကြာမြင့်သွားတာပါ။ ကိုယ်ပိုင်သံစဉ်လေးတွေ တစ်ခွေလုံး စီစဉ်ထားတယ်။ Rock ဖက်တော့ သိပ်မနွယ်ထားဘူးပေါ့။ ရေးထားတဲ့ တေးရေး ဆရာတွေက ကိုအောင်၊ လင်လင်းနဲ့ တခြား တေးရေး ဆရာတွေလည်း ရေးထားပါတယ်။ Audio CD ကိုတော့ လာမယ့်
မိုးအကုန် ဆောင်းအကူးလောက် ထွက်ဖြစ်အောင် စီစဉ်ထားပါတယ်။ တစ်ကိုယ်တော် စီးရီးအတွက်ကိုတော့ ကိုယ်ကိုယ်တိုင် စီစဉ်နေပေမယ့် ပရိုဂျူဆာ ရှာနေတုန်းပေါ့။ ဒါပေမဲ့ ပရိသတ်လက်ထဲကို အမြန်ဆုံး ရောက်အောင် ပို့ပေးမှာပါ။

T.M.Z

8 Days Journal

No comments:

Post a Comment

Flag Counter