![]() |
Ariel Thuta |
Ariel Thuta ဆိုတာက ကျောင်းနာမည်ပါ။ ညီမငယ်ငယ်တုန်းက little Mamid ကားအရမ်းကြည့်တယ်။ Disney Princess တွေထဲမှာ Ariel ဆိုတာကို အကြိုက်ဆုံးပဲ။ မေမေကလည်း သူ့ရဲ့ Ariel လေးလို့ ညီမကို ခေါ်တယ်။ ကျောင်းတက်တော့လည်း အဲဒီနာမည်နဲ့ပဲ တက်ဖြစ်သွားတာ။
Cherry FM မှာ Program ကရော ဘယ်လို လုပ်ဖြစ်သွားတာလဲ။
စိုင်းစိုင်းက ညီမရဲ့ အစ်ကိုပါ။ မောင်နှမတွေ အတူတူလုပ်ကြမယ် ဆိုပြီးတော့ Cherry FM က Program ကို စိုင်းစိုင်းရယ် ညီမရယ် မနောင့်နောင်ရယ် ဝိုင်းလုပ်ကြတယ်။ International Hits Corner ပေါ့။ အခုဆို
Guest တွေ ဖိတ်ပြီး လုပ်တယ်။ အပေါင်းအသင်းတွေကလည်း များတယ်လေ။ အားလုံးကလည်း လာကူကြတယ်။ တစ်ခါတလေကျရင်လည်း ပရိသတ် ရိုးသွားမှာစိုးလို့ အပြောင်းအလဲဖြစ်အောင် ပျော်ရွှင်အောင် ပြောင်းပြီး တင်ဆက်ပေးတာပါ။
တစ်ပတ်တစ်ပတ် ဘယ်လိုပြင်ဆင်ရလဲ။
ညီမတို့ Program က ဒီမှာ နာမည်ကြီးပြီးသား သီချင်းတွေဆိုတာထက် နိုင်ငံခြားက သီချင်းအသစ်ဆုံးတွေကိုပဲ ရွေးတာများတယ်။ အဲဒီတော့ ဒီမှာ သိပ်မကြားဖူးသေးတဲ့ သီချင်းတွေ များများလွှင့်ဖြစ်တာများတယ်။ အဲဒီတော့ သီချင်းလွှင့်ရုံတင် မဟုတ်ဘဲ သူတို့ ဘာတွေလုပ်နေကြတယ် စသည်ဖြင့် စိတ်ဝင်စားစရာ အကြောင်းတွေကိုလည်း ထည့်ထည့်ပြောတယ်။ များသောအားဖြင့်တော့ Internet မှာ Research လုပ်ပြီးမှ လွှင့်တာပါ။
Fashion ကို ဘယ်လောက်အထိ စိတ်ဝင်စားလဲ။
ညီမအရမ်းကို စိတ်ဝင်စားတဲ့အတွက် ကျောင်းသွားတက်ပြီး လေ့လာဖို့လည်း စဉ်းစားထားတယ်။ Fashion ကို ကိုယ်ကြိုက်လို့ ကိုယ်ဝတ်ဖို့ စိတ်ဝင်စားတာထက် တကယ် Subject တစ်ခုအနေနဲ့ လေ့လာလောက်တဲ့အထိ အရေးကြီးပါတယ်။ အခုက Fashion Designer တွေကိုလည်း စိတ်ဝင်စားတယ်။ အရင်က History ကိုလည်း စိတ်ဝင်စားတယ်။ အခုနောက်ပိုင်းမှာ ဘာကို စိတ်ဝင်စားတာလဲဆိုတော့ ရုပ်ရှင်ကား တစ်ကားမှာ ကာရိုက်တာရဲ့ စိတ်နေသဘောထားနဲ့ အပြုအမူနဲ့ လိုက်အောင် ဝတ်ပေးရတဲ့ Stylist တွေကို အရမ်းစိတ်ဝင်စားနေတယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လည်း အစီအစဉ် ရှိတယ်ဆို။
လာမယ့် သြဂုတ်လကျရင် New York မှာ Fashion နဲ့ ပတ်သက်ပြီး ပညာသွားသင်မှာပါ။
ပြန်လာရင် Stylist တစ်ယောက်အနေနဲ့ မြင်ရမှာလား။
ညီမကို Stylist တစ်ယောက်အနေနဲ့ ဆိုတာထက် Fashion လိုင်းကို လုပ်ဖို့ စိတ်ဝင်စားတယ်။ Stylist အနေနဲ့ မြင်ရဖို့ ခဲယဉ်းမှာပါ။ ဒီနိုင်ငံမှာက အကုန်လုံးကလည်း ဝတ်တတ်ကြတယ်။ အဲဒီတော့ ဒီနိုင်ငံမှာ အခြေချပြီး International Fashion လိုင်းကိုပဲ လုပ်ဖြစ်မှာပါ။
လူငယ်တစ်ယောက် အနေနဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လို ဝင်ဆံ့အောင်နေရမယ်လို့ ထင်လဲ။
ခေတ်လူငယ်တစ်ယောက် ဆိုပေမယ့် ကိုယ်က ရှေးတုန်းက ရိုးရာဓလေ့ အစဉ်အလာကို အရမ်းလည်း အလေးထားတယ်။ ကိုယ်က ခေတ်မီတယ်။ International School မှာ တက်တယ်ဆိုပေမယ့် မြန်မာဝတ်စုံကိုလည်း ကြိုက်တယ်။ နေရာဒေသအလိုက် ပြောတာဆိုတာကိုလည်း အရမ်းသတိထားတယ်။ သူများ စိတ်အနှောင့်အယှက်ဖြစ်မှာကို အမြဲရှောင်တယ်။
Ariel အနေနဲ့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ပြုပြင်ချင်တာမျိုးတွေရှိလဲ။
ညီမကတော့ ကိုယ့်စိတ်ကို ကိုယ်သိတယ်။ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကိုလဲ သိတယ်။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိပြီးတော့ ကိုယ်ဘယ်ကို ဦးတည်နေလဲဆိုတာ သိစေချင်တယ်။ ကိုယ်ဆိုရင် ကျောင်းတက်ချင်တယ်။ စာတွေ အများကြီး လုပ်ချင်တယ်။ အဲဒါကိုလည်း ညီမက ဖြစ်အောင်လုပ်တယ်။ ကိုယ်ဘာကို ဦးတည်နေလဲဆိုတာကို အမြဲသိအောင် ကြိုးစားတယ်။ နောက် ညီမက ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရမ်းစိတ်ဝင်စားတယ်။ အဲဒါကို ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲ။ ဘယ်လိုနေရာတွေမှာ လုပ်လို့ရမလဲ။ ဘာတွေလုပ်လို့ရမလဲ အမြဲကြိုးစားပြီး လိုက်ရှာတယ်။ လုပ်လို့ ရသလောက်ကိုလည်း လိုက်လုပ်မယ်။ လူတိုင်းကလည်း ကိုယ်ဘာလုပ်ချင်လဲ ဆိုတာကို အမြဲသိပြီး ကြိုးစားရင် အကောင်းဆုံးပဲလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် သိတဲ့ လူတစ်ယောက်က လမ်းပျောက်သွားဖို့ ခဲယဉ်းတယ်လို့ ထင်တယ်။
ချစ်ခြင်းမေတ္တာဆိုတာကို ဘယ်လို ခံစားနားလည်မိလဲ။
အဲဒါကတော့ အရေးကြီးတာက ကိုယ်ချင်းစာတတ်ဖို့ပဲ။ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ကို ဘယ်လိုဆက်ဆံတာ ခံချင်လဲဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။ကိုယ့်အပေါ် ကောင်းစေချင်ရင် ကိုယ်လည်း အားလုံးအပေါ်ကို ကောင်းအောင်နေဖို့ပါ။ အဲဒါမှလည်း နားလည်မှုရှိမယ်။ ကိုယ်ချင်းစာနိုင်တဲ့စိတ် ရှိမယ်။ အဲဒါဆိုရင် အဆင်ပြေမယ်ထင်တယ်။ အပြန်အလှန် လိုအပ်တယ်လေ။
မိုးရာသီမှာရော ဘယ်လို အဝတ်အစားတွေကို ပိုဝတ်ဖြစ်မယ် ထင်မိလဲ။
မိုးတွင်းကို အရမ်းမုန်းတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ညှို့မှိုင်းပြီးနေတာကို မကြိုက်ဘူး။ နွေရာသီကို ပူပေမယ့် သဘောကျတယ်။ မိုးရာသီက ဘာကောင်းလဲဆိုတော့ အိမ်မှာ အေးအေးဆေးဆေးနေမယ်။ အပြင်သွားရင် နွေးနွေးထွေးထွေး ဝတ်မယ်။ ပူတဲ့ အစားအစာတွေ အများကြီး စားနိုင်တယ်။ နောက် အရောင်တောက်တောက်လေးတွေလည်း ဝတ်လို့ရတယ်။ ဘာမဆိုလည်း အဆင်ပြေအောင် ဝတ်လို့ရတယ်လို့ ထင်ပါတယ်။
Ariel ပရိသတ်ကို ပြောချင်တဲ့ အကြောင်းအရာရောရှိလား။
Ariel အခု လူငယ်တွေအတွက် ပရဟိတ လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပဲဖြစ်ဖြစ် လုပ်စေချင်တယ်။ ကိုယ့်နိုင်ငံက လူငယ်တွေက အရမ်းတော်ကြတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုပ်နိုင်ကြတယ်။ ရအောင်လည်း လုပ်ကြတယ်။ ဘာမှမလုပ်ဘဲနဲ့ ဒီဟာ လုပ်လို့ရပါ့မလားဆိုပြီး စဉ်းစားတာကို အရမ်းနှမြောမိတယ်။ ဘာမှ ထမလုပ်သ၍ မလုပ်ဖြစ်ဘူး။ အဲဒါမျိုး မဖြစ်ချင်ဘူး။ လုပ်ချင်ရင် လုပ်လို့ရတဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ကောင်းကောင်း အသုံးချပါ ကောင်းကောင်းလုပ်ပြီး လူတွေအတွက် အကျိုးကျေးဇူးတွေ ဖြစ်အောင် လုပ်ခဲ့ပေးကြပါလို့ ပြောချင်ပါတယ်။
ကလောင်- ခင်ခင်ယွန်းစံ
8 Days Journal
No comments:
Post a Comment