Search Box

Members

Monday, June 18, 2012

လင်းလင်းနဲ့ စုံတွဲခွေကတော့ နှစ်ကုန်ပိုင်းမှ ထွက်ဖြစ်မယ် ချစ်သုဝေ

ချစ်သုဝေရဲ့ တိမ်တွေနေတဲ့အရပ် ဗီစီဒီက ပရိသတ်တွေ တစ်ခဲနက် လက်ခံအားပေးခဲ့ပါတယ်။ အဆိုပါ ဗီစီဒီမှာ သူကိုယ်တိုင် ဒါရိုက်တာ လုပ်တာက တိမ်တွေနေတဲ့  အရပ် သီချင်းပါ။ “တစ်ပုဒ် တစ်မျိုးစီတော့ ပင်ပန်းခဲ့ရတာပါပဲ။ တိမ်တွေနေတဲ့ အရပ်ကတော့ အသေးစိတ် စီစဉ်ရတာဆိုတော့ ပိုပြီး အလုပ်ရှုပ်သလို ပိုပြီးလည်း ပင်ပန်းခဲ့ရတယ်။ အဆင်မပြေမှုတွေလည်း ရှိခဲ့တယ်။ ပူဖောင်းတွေဆို ပူဖောင်းသည် တစ်သည်လုံးကို ခေါ်ထားပေမယ့် ပူဖောင်းတွေက လေထည့်ပြီး ပေါက်သွားတာကြောင့် ကျန်တဲ့ (၄)၊ (၅) လုံးနဲ့ပဲ အပြီး မြန်မြန်လေး ရိုက်ခဲ့ရတယ်။  ထရီဇာ မှန်းထားတာထက် ပိုကြာသွားတယ်။ အပြင်ထွက် ရိုက်တဲ့အခါ အခက်အခဲလေးတွေရှိက ရှိတယ်လေ။ ကိုလင်းလင်းနဲ့ နှစ်ယောက် ဆိုထားတဲ့ စုံတွဲခွေကတော့ ဒီနှစ်ကုန်ပိုင်းမှာ စီဒီထွက်နိုင်အောင် စီစဉ်ထားတယ်။ ဗီစီဒီကတော့ တစ်နှစ်လောက်ခြားပြီးမှ ထွက်ဖို့ လုပ်ထားတယ်။ အရင်ဆုံး သီချင်းအသံလေးကိုပဲ အသေအချာ နားထောင်စေချင်ပါတယ်။ ပရိသတ် အပေါ်လည်း နားလည်ပါတယ်။
ပရိသတ်ကတော့ အသံရော၊ အရုပ်ရောတွဲပြီး ခံစားချင်တဲ့ ပရိသတ်မျိုးလည်း ရှိတယ်လေ။ ဘယ်လိုပဲ အားပေးအားပေးပါ။ သူတို့တွေက ထရီဇာ့ရဲ့ ပရိသတ်တွေပါပဲ။ အဆိုတော်တွေကတော့ စီဒီကို ပိုနားထောင် စေချင်တာပေါ့။ အဲဒီမှာ သူတို့ဆိုထားတဲ့ ဘယ်သံ၊ ညာသံ၊ ဟာမိုနီ၊ အတီးတွေက ခံစားချင်သလို ခံစားရတယ်။ ထရီဇာကို နိုင်ငံတကာ စာမျက်နှာတွေက အင်ဂျလီနာဂျိုလီနဲ့ နှိုင်းယှဉ်ဖော်ပြတာက အနုပညာရှင် တစ်ယောက်အနေနဲ့ လူမှုရေး လုပ်ငန်းတွေလုပ်တာကို တင်စားပြီး ခိုင်းနှိုင်းတာလိုပဲ ယူဆပါတယ်။ ခု လတ်တလောကတော့ ထရီဇာ ပြင်ဦးလွင်မှာ ကိုပြေတီဦးနဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ကိုဝိုင်းပါ။
M.T.M
8 Days Journal

No comments:

Post a Comment

Flag Counter