Search Box

Members

Monday, June 18, 2012

အခုကြားနေကြတဲ့သတင်းက လုံးဝမဟုတ်ပါဘူး (သင်ဇာဝင့်ကျော်)

၂၀၁၂ ခုနှစ် ရန်ကုန်သင်္ကြန်၌ သရုပ်ဆောင် သင်ဇာဝင့်ကျော် အနေနဲ့ ၀တ်စားဆင်ယင်မှုကြောင့် ပရိသတ်အလယ်၌ သတင်းဂယက်လှိုင်းများ အတော်တန် ကြားသိခဲ့ရပါတယ်။ ယခုအခါ၌လည်း အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အင်တာနက် Online စာမျက်နာများပေါ်တွင် မင်းသမီး၏ ဖခင်ဖြစ်သူမှ အတော်တန် စိတ်မသက်သာဖြစ်ကာ မိသားစုမှ ထိန်းသိမ်းပေးခဲ့ရသဖြင့် သက်သာမှု ရရှိခဲ့ကြောင်း ဖတ်ရှုကြားသိရခဲ့သဖြင့် 8 Days ဂျာနယ်မှ မေလ ၉ ရက်နေ့တွင် သင်ဇာဝင့်ကျော်ထံသို့ တယ်လီဖုန်းဖြင့် တိုက်ရိုက်မေးမြန်း ဆက်သွယ်ခဲ့ရာ သင်ဇာဝင့်ကျော်မှ “ဒီကိစ္စဟာ လုံးဝမဟုတ်ရပါဘူး။ ကောလာဟလတစ်ခုသာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပြီး ထင်မြင်ယူဆချက်နှင့် စပ်လျဉ်း၍ ဆက်လက်မေးမြန်းရာ သူ့အနေနှင့် ယခုအခါ ပြင်ဦးလွင် မြို့၌ ဇာတ်ကားရိုက်ကူးလျက် ရှိသဖြင့် ဖြေကြားရန်အတွက် အဆင်မပြေသေးကြောင်း ထပ်မံ၍ ဖြေကြားသွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
8 Days Journal

No comments:

Post a Comment

Flag Counter