Search Box

Members

Monday, June 18, 2012

ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်ခွင့်ရဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ် (ဧကရီစုစံ)

ဗိုလ်ချုပ်ဇာတ်ကား ရိုက်မယ်ဆိုကတည်းက စိတ်ဝင်စားနေတာ။ ဒေါ်ခင်ကြည်နေရာကို သရုပ်ဆောင်ဖို့ သတင်းစာက ခေါ်တော့ ကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ မိဘကလည်း ခွင့်ပြုလို့ လျှောက်လွှာ တင်ဖြစ်လိုက်တာ။ ဗိုလ်ချုပ်ဆိုတာ ကနဂိုကတည်းက လေးစားပြီးသား။ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ စာအုပ်တွေလည်း အများကြီး ဖတ်ဖူးပေမယ့် အခုလို လျှောက်လွှာတင်ထားတော့ ပိုပြီး အသေးစိတ် လေ့လာဖြစ်တယ်။ အင်တာဗျူးကိုတော့ (၁၉၊၂၀)မှာ ခေါ်မယ်လို့ အကြောင်း ကြားထားတယ်။ အဲဒီအတွက်လည်း အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ဖို့ အရွေးခံရမယ် ဆိုရင်တော့ အရမ်းဝမ်းသာမိမှာပါ။ ကြိုးစားလေ့လာပြီး အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်မှာပါ။ အရွေး မခံရဘူး ဆိုရင်လည်း ကိုယ့်မှာလိုအပ်ချက်၊ အားနည်းချက်တွေရှိလို့ နေမှာပါ။ တကယ်ကို လိုက်ဖက်တဲ့ သူနဲ့မှပဲ ကြည့်ရတဲ့အခါ ကောင်းမှာဆိုတော့ တကယ်လိုက်ဖက်သူကိုပဲ ရွေးမယ်လို့ ထင်ပါတယ်။
8 Days Journal

No comments:

Post a Comment

Flag Counter