Search Box

Members

Monday, March 4, 2013

"အနုပညာအပေါ်သစ္စာရှိဖို့က အရေးကြီးတယ်လို့ဆိုတဲ့ ဂွမ်းပုံ"

"အနုပညာအပေါ်သစ္စာရှိဖို့က အရေးကြီးတယ်လို့ဆိုတဲ့ ဂွမ်းပုံ"

အချိန်ကြာမြင့်စွာ ပရိသတ်အားပေးမှုရရှိထားတဲ့ ဂွမ်းပုံက ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးတဲ့ " ချစ်တာကြောက်စရာကြီး" ဇာတ်ကားကို အောင်ရဲလင်း၊ ဖွေးဖွေးတို့နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ ဂွမ်းပုံက အောင်ရဲလင်းကိုတစ်ဖက်သတ်ကြိုက်သူ ကိုရီးယားရူးကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေအပြင်
ဇာတ်ပို့၊ ဇာတ်ရံ တွေလည်း အဓိကလိုအပ်ကြောင်းကို ဂွမ်းပုံက" ဇာတ်ပို့၊ဇာတ်ရံတွေကကားတစ်ကားမှာ အလိုအပ်ဆုံးလို့ပဲ ပြောချင်ပါတယ်။ ဇာတ်ပို့ဆိုတာ သူ့ရဲ့ဝေါဟာရကိုက ဇာတ်တစ်ခု လုံးကိုပို့ရတာဖြစ်တယ်။ ဇာတ်ကားတစ်ကား ဇာတ်လမ်းကောင်းဖို့ အတွက် ဘေးနား မှာထောက်ကူပေး ရတယ်" လို့ပြောပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံဆိုတာ အဓိကလှဖို့ထက် သဘာဝကျဖို့လိုအပ်ကြောင်းကို
လည်း" အခု တော်တော်များများလည်း ဇာတ်ပို့လိုင်းကို ဝင်လာကြတဲ့သူတွေရှိပါတယ်။ အဓိကက ပီပြင်အောင် သရုပ်ဆောင်တတ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့ဇာတ်ရုပ်ပေါ်မှာ ပီပြင်အောင် သရုပ်ဆောင်ဖို့ဆိုတာ စာတွေလည်းများများဖတ်ဖို့လိုသလို ကားတွေလည်း များများကြည့်ဖို့ လိုတယ်။

ဇာတ်ကားတွေကိုကြည့်တာကသူတို့ရဲ့သရုပ်ဆောင်မှုကို အတုယူဖို့မဟုတ်ပါဘူး။ သူတို့တစ်တွေသဘာဝကျအောင်
သရုပ်ဆောင်တာကိုကြည့်ပြီး ကိုယ့်ကိုယ်တိုင်သရုပ် ဆောင်တဲ့အခါမှာလည်း သဘာဝကျ အောင်လုပ်တဲ့စိတ်ဝင်စေချင်တယ်" လို့ ဂွမ်းပုံက ပြောပါတယ်။ အနုပညာဆိုတာ ဘယ်သူမှလွယ်လင့်တကူ ရယူလို့မရကြောင်း၊ အနုပညာသက်တမ်း ၂၆ နှစ်ရှိလာပြီဖြစ်တဲ့ ဂွမ်းပုံက

" အနုပညာအလုပ်က ပါရမီဓာတ်ခံလည်းရှိရမယ်။ ကံ၊ ဥာဏ်၊ စန်း၊ ဝီရိယ အားလုံးပေါင်းစည်းမှသာလျှင် အောင်မြင်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်လာမှာပါ။အခု ခေတ်ကာလကတိုးတက်လည်း လေ့လာ
နေရမယ်။ ဖြတ်သန်းလာတဲ့ ၂၆ နှစ် အတွင်းမှာ အပေးအယူမျှတဲ့ သရုပ်ဆောင်တွေလည်းရှိသလို ကြိုးစားချင်စိတ်မရှိဘဲနဲ့ လက်တွဲဖြုတ်သွားတဲ့သူတွေလည်း ရှိတယ်။ အရေးကြီးတာက အနုပညာအပေါ်မှာ သစ္စာရှိ ဖို့ပါပဲ" လို့ပြောပါတယ်။သင်္ကြန်မှာ Sky Net မဏ္ဍပ်မှာသီချင်းဆိုဖို့ရှိ ကြောင်းပြောပါတယ်။

တွယ်တာ



အေးချမ်းမွန်မှ (Popular Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment

Flag Counter