Search Box

Members

Monday, March 4, 2013

"အဆောင်အယောင်တွေသိပ်များနေရင် ဂီတရဲ့အရည်အသွေးတွေကျဆင်းသွားမယ်လို့ ပြောလာတဲ့ မာရဇ္ဇ"

"အဆောင်အယောင်တွေသိပ်များနေရင် ဂီတရဲ့အရည်အသွေးတွေကျဆင်းသွားမယ်လို့ ပြောလာတဲ့ မာရဇ္ဇ"

အဆောင်အယောင်တွေ သိပ်များနေရင် ဂီတရဲ့အရည်အသွေး၊ အနှစ်သာရတွေကျသွားမယ်လို့ပြောလာတဲ့သူကတော့ မာရဇ္ဇပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကို ဂျေဆင်မရတ် တို့၊ မိုက်ကယ်လန်းတို့ လာရောက် သီဆိုတဲ့အပေါ်ကို ကြိုဆိုကြောင်း လည်းပြောပါတယ်။ ဂီတသမားတစ်ယောက်ဖြစ်တဲ့အတွက်နေ့တိုင်း ဂီတအလုပ်ကို လုပ်နေရမှာပဲဆိုတဲ့ မာရဇ္ဇက" ကျွန်တော် ကတော့ မြူးဇစ်တိုင်းကိုကြိုက်ပါတယ်။ သို့သော်
လည်း ကျွန်တော်က ရော့ခ်အဆိုတော်ဖြစ်တဲ့အတွက် ရော့ခ်သီချင်းတွေကို ပိုကြိုက်တာပေါ့။ ရော့ခ်ကို ကြိုက်ရတဲ့အကြောင်းကလည်း ပါဖောမန့်တွေ သိပ်မလုပ်ဘူး။ အရှိ ကိုအရှိအတိုင်း နေထိုင်ကြတယ်။

ရော့ခ်ဆိုရင် သူ့ Band နဲ့သူပဲလေ။ သိပ်ရှုပ်ယှက်ခတ်နေတာမျိုးကို မကြိုက်ဘူး။နောက်ပြီး ပါဖောမန့် ဆိုတာကိုလည်း သိပ်လက်မခံဘူး။ ရော့ခ်ထဲမှာလည်း တချို့တွေက ဟန်များတယ်။ သိပ်ဟန်များလာရင် မြူးဇစ်မှာညံ့လာရော။ ကျွန်တော်
တို့မြန်မာပြည်မှာကလွဲနေတာတွေ တော်တော်များတယ်။ ရော့ခ်ဆို ဘာဝတ်ရမယ်၊ ပေါ့ပ်ဆို ဘာဝတ်ရမယ် အဲဒီလိုမျိုးပေါ့။ မိုက်ကယ်ဂျက်ဆင်ဆိုဘယ်လိုလုပ်မလဲ။ သူ ဝတ်တဲ့အဝတ်အစားဆိုပေါ့ပ် အဝတ်အစားလို့ ပြောလို့ရလို့လား။ တကယ့်ကို အင်္ဂလန်စစ်သားတွေ ဝတ်တဲ့အင်္ကျီ ဆိုလည်း သူဝတ်တာပဲ။ ဒီမှာက အပေါ်ယံကိုပဲကြည့်ပြီး တကယ့်အနှစ်သာရကို မလိုက်ကြ ဘူး။အခုဆို မြန်မာနိုင်ငံကို ဂျေဆင်မရတ်
တို့၊ မိုက်ကယ်လန်းတို့ လာကြပြီ။ သိပ်ကောင်းတာပေါ့။ ဒါမှ ကျွန်တော်တို့ နိုင်ငံကြီးက တိုးတက်ပြီးတော့ အမြင်တွေ ကျယ်လာမယ်။ ဂျေဆင်မရတ်ဆိုတဲ့ အဆိုတော်
လာရင် သူတစ်ယောက်တည်း၊ သူ့ Band နဲ့သူပဲ။ မိုက်ကယ်လန်းဆို လည်း သူ့ Band နဲ့သူပဲ။ သူတို့ ဘယ်လို စက်တွေသုံးလဲ၊ ဘယ်လိုတင် ဆက်လဲ၊ဘယ်လိုဖျော်ဖြေလဲ၊ ကျွန် တော်တို့ဆီမှာလို Band တစ်ခု
တည်းမှာအများကြီးဆိုတာမျိုး တွေမရှိဘူး" လို့ ပြောပါတယ်။

မျိုးမောင်

အေးချမ်းမွန်မှ ( Popular Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment

Flag Counter