Search Box

Members

Thursday, February 28, 2013

ဝိုင်းစုခိုင်သိန်း (on scene questions)

ဝိုင်းစုခိုင်သိန်း (on scene questions)
---------------------------------------
ဝိုင်းစုမျက်လှည့်အခွေနဲ့ဆုရ တော့ အရမ်းပင်ပန်းရကျိုးနပ်တယ်။ မျက်လှည့်အခွေက ကိုယ်တိုင် အစအဆုံးစီစဉ်ရတာဆိုတော့ မျက်လှည့် အခွေနဲ့ဆုရတာကိုပိုဝမ်းသာတယ်။ ဟာသဆိုပေမယ့် အရမ်းခက်တဲ့ ဟာသတွေရှိတယ်။ လူတွေကို ရယ်အောင်လုပ်ရတာ အစ်မအ တွက်တော့ နည်းနည်းခက်ခဲတယ်။ အစ်မမှာ ဘယ်ကာရိုက်တာကိုမှ သရုပ်ဆောင်ရတာအားသန်တာ တော့မရှိဘူးလို့ လတ်တလောကိစ္စ တွေပြောလာတဲ့ ၀ိုင်းစုခိုင်သိန်းကို သီချင်းဆိုရင် အသံနဲ့ ပတ်သက်ပြီး ဘယ်လိုဂရုစိုက်မှုတွေလုပ်လဲဆိုတဲ့ အကြောင်း ဆက်ဆံရေးကောင်းတဲ့ အတွက်လူတွေကို ဘယ်လိုစိတ် ထားမျိုးနဲ့ဆက်ဆံလဲဆိုတဲ့ အ ကြောင်းတွေကို ရိုက်ကွင်းပေါ်မှာ ပွင့်ပွင့်လင်းလင်းမေးဖြစ်ခဲ့ပါတယ်။

သက်ဦးကို - မ၀ိုင်းစုက သီချင်းဆိုတာတွေများလာတော့ အသံအတွက် ဘယ်လိုဂရုစိုက်မှုတွေ လုပ်လဲ။
ဝိုင်းစုခိုင်သိန်း - အစ်မသီချင်း ဆိုတာတွေများလာတော့ အသံ အတွက်အပူစာတွေမစားဘူး။ ပြီး တော့ ရေခဲရေတို့ရေခဲနဲ့ပတ်သက်တဲ့ ဟာတွေအမြဲတမ်းရှောင်ဖြစ်တယ်။ အဓိက အဲဒီလောက်ပဲအစ်မရှောင် ဖြစ်တာ။ သီချင်းဆိုမယ်ဆိုရင်တော့ အိပ်ရေးဝအောင်အိပ်ရတာပေါ့။

ကေညိမ်း - ၀ိုင်းစုအနုပညာခရီး လမ်းကို ဘယ်ထိလျှောက်ဖို့ ရည် ရွယ်ထားလဲ။
ဝိုင်းစုခိုင်သိန်း - အနုပညာခရီး လမ်းကို ပရိသတ်အားပေးနေသရွေ့ လျှောက်လှမ်းနေဦးမှာပါ။

ကိုသက်ထွေး (ရှုတင်မန်နေဂျာ) - ရိုက်ကွင်းပေါ်က အလုပ် ကိစ္စတွေရော အပြင်မှာပါလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေ တော့ ဘယ်လိုစိတ်မျိုးနဲ့ဆက်ဆံလဲ။
ဝိုင်းစုခိုင်သိန်း - အဓိက ၀ိုင်း စုကတော့ ကိုယ့်ရဲ့ စိတ်ရင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင်ဆက်ဆံ တယ်။ ကိုယ့်စိတ်ရင်းအတိုင်းပဲ မှန် မှန်ကန်ကန်နဲ့ဖြစ်သင့်တယ်၊ မဖြစ် သင့်ဘူးတွေးပြီးတော့ အစစအရာ ရာ အကောင်းဆုံးဖြစ်အောင်ကြိုး စားပြီးနေပါတယ်။--- ကျော်မျိုးနိုင်

No comments:

Post a Comment

Flag Counter