Search Box

Members

Thursday, February 28, 2013

နန်းဆုရတီစိုး- အိမ်ထောင်ပြုလက်ထပ်ဖို့ အချစ်က ၁၀၀ ရာခိုင်နှုန်းလောက်အရေးကြီးတယ် (Love & Marriage)

နန်းဆုရတီစိုး- အိမ်ထောင်ပြုလက်ထပ်ဖို့ အချစ်က ၁၀၀ ရာခိုင်နှုန်းလောက်အရေးကြီးတယ် (Love & Marriage)
---------------------------------------------------------

လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်လည်းခွင့်လွှတ်နစ်နာခံတာ ကလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုးလို အဓိပ္ပာယ်ဖွင့်ဆိုကြ သလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလည်း အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
မြင်မြင်ချင်းချစ်တယ်ဆိုတာ
မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားလုံးလေးက နန်းဆုထင်တာ သီချင်းမှာပဲရှိတယ်လို့ထင်တာပါပဲ။ မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ ခံစားမှု မျိုးဖြစ်ဖူးလားဆိုတော့ နန်းဆုလည်း သိပ်သတိမထားမိဘူး။
ဆယ်ကျော်သက်အချစ်ခံစား မှု
ချစ်မိပြီဆိုရင်တော့အကြောင်း ပြချက် သိပ်မရှိကြဘူးလိုထင်ပါ တယ်။ ချစ်တယ်ဆိုမှတော့ အကုန် လုံးကြောင့်ချစ်တာပဲလေ။ ဒီဟာ ကြောင့်ချစ်တယ်၊ ဟိုဟာကြောင့် ချစ်တယ်ဆိုတာမျိုးတော့ မရှိဘူး။
အချစ်နဲ့ အိမ်ထောင်ပြုခြင်း
အချစ်ရယ်၊အိမ်ထောင်ပြုခြင်း၊ လက်ထပ်ခြင်းရယ်က ဘယ်လို အချိုးကျလဲဆိုရင် နန်းဆုအထင် အိမ်ထောင်ပြုဖို့၊ လက်ထပ်ဖို့အ တွက် အချစ်က ၁၀၀ ရာခိုင်နှုန်း အရေးကြီးတယ်လို့ထင်တယ်။ နန်း ဆုလက်ထပ်မယ်ဆိုရင်တော့ ကိုယ် တကယ်ချစ်တဲ့ သူနဲ့ပဲလက်ထပ်မှာ ပါ။ အဲဒါမှလည်း အိမ်ထောင်ရေး က အဆင်ပြေတာလေ။ ဒါမှ ကိုယ့်ကိုယ်လည်း တကယ်ချစ်ပြီး၊ ကိုယ်ကလည်းတကယ်ချစ်မှ နှစ် ယောက်စလုံးရဲ့ နားလည်မှုတွေ သစ္စာရှိမှုတွေနဲ့ အရာအားလုံးကို တည်ဆောက်လို့ရမှာပါ။ နန်းဆုအ တွက်တော့ အချစ်က နေရာတိုင်း မှာ အရေးပါတယ်။ ဘာလို့လဲဆို တော့ လူတိုင်းက အချစ်မရှိတဲ့ လူ ဆိုတာ မရှိဘူးဆိုတော့လေ။ ၁၅၀၀ ပဲဖြစ်ဖြစ် ၅၂၈ ပဲဖြစ်ဖြစ် အချစ်နဲ့ ပဲ ဆက်သွားတာပဲ။ ဥပမာပရိသတ် ကို ကိုယ်ကချစ်ခြင်းမေတ္တာပေးလို့ ပရိတ်သတ်ဆီက မေတ္တာပြန်ရ တယ်။ ကိုယ့်အပေါ်အရမ်းကောင်း တဲ့ သူတွေကို ချစ်တာလည်း အချစ် ပဲလေ။
နန်းဆုလက်ခံထားတဲ့အချစ်
နန်းဆုလောလောဆယ်လက် ခံထားတဲ့ အချစ်ဆိုတာကတော့ နူး ညံ့သိမ်မွေ့ပါတယ်။
အချစ်သီချင်းသီဆိုခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ အချစ်ကိုတော့ လက်ခံယုံကြည် ထားတာက
နန်းဆုကအမှန်အတိုင်းပြောရ ရင် အချစ်ကိုကိုးကွယ်တဲ့သူထဲမှာ တော့ မပါဘူး။ အချစ်သီချင်းတွေ ဆိုရင်တော့ ခံစားပြီးမှ ဆိုလေ့ရှိ တယ်။ အဲဒီသီချင်းကြောင့်ခံစား ချက်တွေတိုးလာတာတို့ လျော့သွား တာမျိုးကတော့ တကယ်ခံစားရရင် တော့ တိုးသွားတာတို့၊ လျော့သွား တာတို့ကြုံဖူးတယ်။ အချစ်ကိုလက် ခံထားတာက အချစ်ဆိုတာ အမြဲ တမ်းရယူခြင်းမဟုတ်ဘူး။ အမြဲတမ်း ပေးဆပ်ခြင်းလည်းမဟုတ်ဘူး။ ဘယ်နေရာ၊ ဘယ်အလုပ်မဆို အစွန်းမရောက်တာအကောင်းဆုံးဘဲ။ အားလုံးကိုမျှမျှတတဖြစ်တာကို ကြိုက်ပါတယ်။- မိုးထက်ကျော်

No comments:

Post a Comment

Flag Counter