Search Box

Members

Friday, January 25, 2013

အိမ်ထောင်ရှင်တွေတင် မဟုတ်ဘဲ မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်း နားလည်မှုရှိတဲ့ ဆက်ဆံရေးရှိဖို့ အရေးကြီးတယ် – မြတ်ကေသီအောင်

Q. မကေ ခုအနုပညာလှုပ်ရှားမှုက
A. ခု ကျန်းမာရေး အခြေအနေကြောင့် ရိုက်ကူးရေး ခဏနားထားတယ်။ ဒီဇင်ဘာလောက်ဆိုရင်တော့ ပြန်စနိုင်မယ်ထင်တယ်။
Q. အနုပညာအလုပ်တွေ နားထားပေမယ့် ရှုတင်မှာ တွေ့နေရတာက
A. နေမကောင်းတဲ့အတွက် စိတ်နှစ်ပြီး အနုပညာအလုပ် မလုပ်နိုင်ပေမယ့် သူငယ်ချင်း စိုးမြတ်သူဇာရဲ့ ရှုတင်ဆိုရင် ရောက်ဖြစ်တယ်။ အိမ်မှာနေရတာလည်း တစ်ခါတစ်ရံ ကျတော့ ပျင်းစရာကောင်းတယ်။ မကေဖွင့်ထားတဲ့ မူကြိုကျတော့လည်း ညီမလေးနဲ့ လက်လွှဲလို့ ရနေပြီဆိုတော့ သိပ်ပြီးကိုယ်ဝင်ပါစရာ မလိုတော့ဘူးလေ။ တစ်ခါတစ်ရံကျတော့ ကိုယ်နဲ့အကြောင်းသိ သူငယ်ချင်းနဲ့တွေ့ပြီး စကားတွေပြောရတာလည်း လွမ်းစရာကောင်းတယ်။ အရင်လို စိတ်လွတ်လပ်ပျော်ရွှင်တဲ့ ဘ၀လေးတွေ ပြန်ပြောရတာ ပျော်စရာတော့ ကောင်းသား
Q. နောက်ထပ်အိမ်ထောင်ပြုဦးမှာလား
A. စဉ်းစားနေတုန်းပဲ။ ရည်းစားရှိတယ်။ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက် တော်တော်ကို နားလည်မှုပေးနိုင်မှ အဆင်ပြေတာဆိုတော့လေ။
Q. အိမ်ထောင်ရှင်တွေကြားမှာ ဘယ်လို Relationship က အရေးကြီးမယ်ထင်လဲ။
A. အိမ်ထောင်ရှင်တွေမှ မဟုတ်ဘူး။ မိတ်ဆွေသူငယ်ချင်းတွေ ကြားမှာလည်း နားလည်မှုရှိတဲ့ ဆက်ဆံရေးရှိဖို့ အရေးကြီးတယ်။
လူတွေက တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ တော်တော်များများက ကောင်းမွန်တဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်ယူရမလဲ မသိဘူး ဖြစ်နေတာ။ စိတ်အခန့်မသင့်လို့ စကားများကြရင် ကိုယ့်ဘက်ကပဲ ကောင်းတာတွေတွေးပြီး တခြားဘက်ကိုကျတော့ ဆိုးတာတွေပဲ တွေးတယ်။ ဒါပေမဲ့ သူအဲဒီလိုဆိုးတာ ကိုယ်ဘာပြောလိုက်လို့လဲ။ ကိုယ့်အပြုအမူ ဘာဖြစ်သွားလို့လဲဆိုတဲ့ ကိုယ့်ရဲ့အားနည်းချက်ကို ပြန်မတွေးမိကြဘူး။ အဲဒါတွေကြောင့်ပဲ လူတွေက ဆက်ဆံရေးတွေ ပျက်ပြားသွားကြတာ။
Q. မကေတို့ခုချိန်မှာ ဇာတ်ရုပ်အနေအထားကရော
A. မကေတို့က ခုချိန်မှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ သေချာသရုပ်ဆောင်ရတဲ့ ဇာတ်ပို့နေရာလည်း မရှိဘူး။ အဲဒါကြောင့်လည်း မရိုက်ဖြစ်တာပါတယ်။ ခုချိန်မှာ မင်းသားမင်းသမီး အဓိကထားတဲ့ ဇာတ်တွေပဲ ရွေးလာတယ်။
Q. မကေကရောသူငယ်ချင်းနဲ့ မဆုံဖြစ်တဲ့နေ့ဆိုရင် ဘာတွေလုပ်ဖြစ်လဲ
A. “မ”လည်း ipad နဲ့ ဂိမ်းကစားတယ်။ ဒါပေမဲ့ ကိုယ်လစ်ရင် တူမလေးက အဲဒီဂိမ်းကို ၀င်ဝင်ဆော့သွားလို့ရှေ့ဆက်မတက်နိုင်ဘူး ဖြစ်နေတယ်။
Q. ရိုက်ကွင်းတွေလာတော့ရော ပြန်ရိုက်ချင်စိတ်မဖြစ်ဘူးလား
A. မကေက ခု နားကိုနားချင်နေတာ။ ဒါကြောင့် ရိုက်ချင်စိတ်လည်း မဖြစ်မိဘူး။ ရုပ်သံစီးရီးရိုက်ဖို့လည်း ကမ်းလှမ်းပေမယ့် ကိုယ့်ကျန်းမာရေးကြောင့် အဲဒီအလုပ်ထဲကို စိတ်မနှစ်နိုင်ဘူး။
Q. မကေရဲ့ ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ
A. မကေကိုအားပေးတဲ့ ချစ်တဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ မကေ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏနားထားတာပါ။ ပြန်လုပ်မှာပါ။ ဆက်ပြီး အားပေးပါဦးလို့။
Ref: 8 Days Journal

No comments:

Post a Comment

Flag Counter