Search Box

Members

Friday, January 11, 2013

အကယ်ဒမီနောင်နောင်က ၎င်းရရှိထားသော အကယ်ဒမီဆုအား ဇာတ်ကားကြည့်ပြီးမှ ဝေဖန်ပါဟုဆို

၂၀၁၁ ခုနှစ် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ထာဝရအလင်း တန်းများ ဇာတ်ကားဖြင့် ရရှိသွားသော နောင်နောင်က ၎င်းရရှိသည့် အကယ်ဒမီဆု နှင့်ပတ်သက်၍ မိမိ၏ ဇာတ်ကားများကို ကြည့်ရှုပြီးမှသာ
ဝေဖန်ပါဟု ပရိတ်သတ်များအား ပြောကြားလိုက်သည်။

အကယ်ဒမီဆုနှင့် ပတ်သက်၍ နောင်နောင်က ၎င်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီ ရသည့်အတွက် အံသြမိကြောင်း
ပြောဆိုခဲ့ပြီး အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ "ပရိသတ်က ပရိသတ်
ပဲလေ။ ကျွန်တော့်ကားလေးကို ကြည့်ပြီးမှ ကျွန်တော့်ကို ဝေဖန်ပါလို့
ပြောချင်ပါတယ်။ ဒီဇာတ်ကားမှာ ဦးညွှန့်ဝင်းနဲ့ စကားပြောတဲ့ အခန်းကို အကြိုက်ဆုံးပါ" ဟု နောင်နောင်က ပြောကြားသည်။

၎င်းသည် အနုပညာလောကတွင်းသို့ ၂၀၀၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ သူဖြစ်ကြောင်းသိရပြီး ယခုလက်ရှိ အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ "ကျွန်တော်တို့ လော်မင်္ဂလာ ဆိုတဲ့ ရုပ်ရှင်ကားကိုရိုက်ကူးနေပါတယ်။ မြိုင်ရာဇာတွတ်ပီရဲ့ ဝထ္ထုပါ။ ကိုလူမင်း၊ ကိုရန်အောင်၊ ဖိုးချစ်၊ မေသဉ္ဇာဦး၊
မေသန်းနု၊ အိချောပို၊ မေသက်ခိုင်တို့ သရုပ်ဆောင်ထားတယ်။ အကိုက ဒီကားမှာ
ရွာသားအဖြစ်ပါဝင်သရုပ်ဆောင် ထားပါတယ်။ အခုမှ ကျွန်တော်က
အသစ်ဆိုတော့ အားလုံးက ကျွန်တော်ကို လက်တွဲ ခေါ်ပါတယ်။ ကျွန်တော်ရဲ့ သရုပ်ဆောင်မှုကို ဝေဖန်ပေးကြပါ၊ အကဲဖြတ်ပေးကြပါ" ဟု ထပ်မံပြောကြားသည်။

အကယ်ဒမီနောင်နောင်က ၎င်းအနေဖြင့်ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက် လာရသည့် အကြောင်းရင်းမှာ ၎င်း၏ ဖခင်ဖြစ်သူ(ရီမြင့် ဗီဒီယိုထုတ်လုပ်ရေး)
ကတိုက်တွန်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

"ဒီဇာတ်ကားအနေနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုးကိုပေးလဲမသိဘူး။
ကျောင်းဆရာတစ်ယောက်ရဲ့ ပုံစံနဲ့ဆုပေးထားတယ်ဆိုတော့ နောင်နောင်ရဲ့ ပုံက ကျောင်းဆရာ တစ်ယောက်အနေနဲ့ နမူနာ ယူစရာ မရှိဘူး။ အထူးသဖြင့်
ဆံပင် ပုံစံပေါ့။ကျောင်းဆရာ တစ်ဦးရဲ့ဆံပင်ပုံစံက ဒီလိုမျိုးမဖြစ်သေးဘူး။ အကယ်ဒမီကိုမပေးထိုက်ဘူး" ကျောင်းဆရာဟောင်း တစ်ဦးက ၎င်းရရှိသွား
သော အကယ်ဒမီဆုနှင့် ပက်သက်၍ ဝေဖန်ပြောဆိုသည်။

အိအိ
ဓာတ်ပုံ - စူးရှ
The Myanma Age

No comments:

Post a Comment

Flag Counter