Search Box

Members

Friday, January 11, 2013

ညှို့မဂ္ဂဇင်းထုတ်ဝေခွင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပိတ်သိမ်းပြီ


ပြီးခဲ့သည့်လအနည်းငယ်အတွင်းက ထုတ်ဝေခဲ့သော မီဒီယာလောကတွင် အပြောများနေသည့် ညှို့မဂ္ဂဇင်း၏ ထုတ်ဝေခွင့် လိုင်စင်ကို ပိတ်သိမ်း
လိုက်ကြောင်း ယမန်နေ့က ကျင်းပပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ကြီးကြပ်မှု ဗဟိုအစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်ဟု သိရှိရသည်။

ညှို့မဂ္ဂဇင်း ထုတ်ဝေခွင့် စတင်လျှောက်ထားစဉ်က ဖက်ရှင်ဦးစားပေး မဂ္ဂဇင်း အဖြစ် ဖေါ်ပြလျှောက်ထားခဲ့သော်လည်း ထုတ်ဝေဖြန့်ချိရာတွင် လိင်ကိစ္စ အကြောင်း အရာများကို နှိုးဆွသည့်သဘောမျိုး ဖေါ်ပြထားခြင်းကို လိုင်စင် ပိတ်သိမ်းရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ဖေါ်ပြထားသည်ကို တွေ့ရသည်။



ယခင်နှစ် နိုဝင်ဘာ လကုန်တွင်ပထမဆုံး အမှတ်စဉ် (၁) ကိုထုတ်ဝေခဲ့သည့် မဂ္ဂဇင်းပါ ဆောင်းပါးခေါင်းစဉ် အချို့မှာ “အိပ်ခန်းတွင်းက လျို့ဝှက်ချက်များ”၊ “လူတကာရင်ခွင် ခိုဝင်မှာလား”၊ “ယောက်ျားတွေ မုန်းတဲ့ မိန်းမတို့
အကြောင်း” တို့ဖြစ်ပြီး အမျိုးသမီး မိုဒယ်များ၏ ဓါတ်ပုံများ၊ လိင်ပညာပေး
ဆောင်းပါးများ ပါဝင်သည်ကိုတွေ့ရသည်။ ထို့ပြင် အရွယ်မရောက်သေး
သူများ မဖတ်ရဟူသည့် သတိပေးစာသားကြောင့်လည်း အာရုံစိုက်မှု ခံခဲ့ ရသည်။

အယ်ဒီတာချုပ် ဖြစ်သူ ကိုဦးဆွေကမူ လိင်ကိစ္စမှ မလိုလားအပ်သည့်
ရောဂါများ မရရှိစေရန် ရည်ရွယ်သည်ဟု ဧရာဝတီမဂ္ဂဇင်း၏ မေးမြန်းမှု
ကို ဖြေကြားရာတွင် ပြောဆိုခဲ့သည်။

ညှို့မဂ္ဂဇင်းနှင့် အလားတူ ထုတ်ဝေခွင့် လျှောက်ထားစဉ် ဖေါ်ပြခဲ့သည့် အကြောင်း အရာနှင့် အမှန်တကယ် ထုတ်ဝေသည့်အခါ ဖေါ်ပြမှု ကွဲလွဲလျှက် ရှိသည့် သတင်းဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူ သတိပေးခဲ့ကြောင်း ယင်း သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယင်းဂျာနယ် ၆ စောင်မှာ Media One ဂျာနယ်၊ မြနန္ဒာဂျာနယ်၊ The Farmer ဂျာနယ်၊ ကြော်ငြာကမ္ဘာ ဂျာနယ်၊ High Speed Car ဂျာနယ်နှင့် သွေးသစ် ဂျာနယ်တို့ ဖြစ်သည်ဟု ပုံနှိပ်သူများ၊ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးတွင် အတွင်းရေးမှူး ဖြစ်သူ ဦးရဲတင့်က ရှင်းလင်းပြောဆိုခဲ့သည်။ ယင်းဂျာနယ်များတွင် နကိုဖေါ်ပြသည့် အကြောင်း အရာ အမျိုးအစား ၄၀% သို့မဟုတ် ယင်းပမာဏ အောက်ထိ လျော့နည်း ဖေါ်ပြကာ အခြားသော အကြောင်းအရာများကို ဖေါ်ပြလျှက် ရှိခြင်းကြောင့်ဟု ကျင်းပခဲ့သည့် ကြီးကြပ်မှု ဗဟိုအစည်းအဝေးတွင် ၎င်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်ကို ၄၈ နှစ်ကြာ စာပေ
စိစစ်ရေး အဖွဲ့သို့ မထုတ်ဝေမီ ကြိုတင် တင်ပြကာ ခွင့်ပြုချက်ယူရသည့် နည်းလမ်းဖြင့် ချုပ်ကိုင်ထားခဲ့ရာမှ ယခင်နှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ရုပ်သိမ်းပေးခဲ့သည်။

သို့ရာတွင် လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခွင့်ဖြစ်သည့် စာအုပ်စာစောင် ထုတ်ဝေခွင့် လိုင်စင်ကိုမူ ပြန်ကြားရေး မကြာမီက အမည်ပြောင်းလဲ
လိုက်သည့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဋ္ဌာန (ယခင်နာမည်ဆိုးဖြင့် ကျော်ကြား
သည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာန) သို့ ဦးတည်လျှောက်ထားရဆဲဖြစ်ပြီး ယင်းစနစ်ကျန်ရှိနေခြင်းက လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်ကို ချုပ်ကိုင်မှု နည်းလမ်းတစ်ခုဖြစ်သည်ဟု သတင်းအယ်ဒီတာအချို့က ဝေဘန်ထောက်ပြ
ကြသည်။

1 comment:

  1. လီးမို.လို.ပိတ်တာလား

    ReplyDelete

Flag Counter