International Exhibition Management Services Company မှ ကြီးမှူး ကျင်းပသည့် မြန်မာ အပြည်ပြည်
ဆိုင်ရာ ခေတ်မီ နေထိုင်မှု၊ ဖက်ရှင်နှင့် အလှအပ ပြိုင်ပွဲ -၂ဝ၁၂(The Myanmar International Modern Lifestyle,
Fashion and Beauty show 2012) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (1.11.2012)
နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရ လမ်းရှိ
တပ်မတော် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်ကြသည့်
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ လူမှုရေး
ဝန်ကြီး ဒေါက်တာ မြင့်သိန်းနှင့် IEMS Company LimitedမှS Authroized Person တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး
ပြခန်း အတွင်း လှည့်လည် ကြည့်ရှု အားပေး ကြသည်။
အဆိုပါ ပြပွဲတွင်
ပြည်တွင်း ကုမ္ပဏီများနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၄၅ ခု စုပေါင်းကာ
ပြခန်းပေါင်း ၁ဝဝ ၌ အလှ ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ အဝတ် အထည်နှင့်
ဖက်ရှင် အသုံးအဆောင် ပစ္စည်းများ၊ လက်ဝတ် ရတနာနှင့် ဖန်စီ ပစ္စည်းများ၊
အနောက်တိုင်း မင်္ဂလာ ဝတ်စုံများ၊ ချိတ်နှင့် ပိုးထည်များ၊ ကလေး
အဝတ်အစားများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ ကြမ်းခင်းများ၊ အီလက်
ထရွန်နစ်နှင့် လျှပ်စစ် ပစ္စည်းများ၊ ခေတ်မီ ပရိဘောဂ အသစ် အဆန်းများ၊
စားသောက်ကုန် ပစ္စည်းများ၊ စာရေး ကိရိယာများ၊ ပလတ်စတစ် ပစ္စည်းများ၊
မိတ်ကပ်နှင့် ရေမွှေး များကို ပြသ ရောင်းချ သွားမည် ဖြစ်သည်။
ပြပွဲရက်များ အတွင်း
ဒေါ်တင်မိုးလွင် ဦးစီးသော Talent & Model Agency မြန်မာ မော်ဒယ်လ်များက ဖက်ရှင်နှင့်
ပတ်သက်သည့် ဖျော်ဖြေရေး အစီအစဉ် များနှင့် သရုပ်ပြ တင်ဆက်မှု အစီအစဉ်
တို့အား ထည့်သွင်း ထားပြီး ယနေ့မှစ၍ နိုဝင်ဘာ ၄ ရက်အထိ
နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ခင်းကျင်း ပြသမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment