Search Box

Members

Friday, November 2, 2012

ဖြိုးသီရိခေတ်

ဖြိုးက ကျန်းမာရေးအတွက် အားကစားအနေနဲ့ Gym ကစားတယ်။ အရင်တုန်းက Traders Hotel မှာ Gym ကစားဖြစ်တယ်။ အခုတော့ အိမ်မှာပဲ ကစားဖြစ်တယ်။ ရေမချိုးခင် ၁၅ မိနစ်၊ မိနစ် ၂၀လောက် အားကစားလုပ်ဖြစ်တယ်။ အားကစားဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါပဲ။ ကျန်းမာရေးအတွက် အားကစားလုပ်သင့်သလို အစားအသောက်နဲ့လည်း ထိန်းသိမ်းသင့်တယ်။ ကျန်းမာရေးအတွက် အဆီတွေအဆိမ့်တွေကို လျှော့စားသင့်တယ်။ အသီးအနှံတွေ များများစားသင့်တယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားသင့်တယ်။ ဖြိုးက လိမ္မော်သီး၊ ပန်းသီးတို့လို အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားတယ်။ ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေလည်း စားတယ်။ ကျန်းမာရေးအတွက် အားကစားကို တတ်နိုင်သလောက် ဂရုတစိုက် လုပ်ဖို့ လိုအပ်သလို အစားအသောက်ကိုလည်း မျှတအောင် စားသောက်သင့်တယ်။ ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ဘဝရဲ့ အောင်မြင်မှုကြီးတစ်ခုပဲလို့ အကြံပေးချင်ပါတယ်။

No comments:

Post a Comment

Flag Counter