Search Box

Members

Monday, November 5, 2012

သမီးလေးသက်လျာ ဆန်းထွဋ် အတွက် မျှော်လင့်ချက်တွေရှိ ကြောင်း ဆန်းထွဋ်ပြော

ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးမှု ရှိသလို၊ အစီအစဉ်တင်ဆက်သူ အဖြစ်လည်း ပရိသတ်တွေ သိထားတဲ့ အနုပညာရှင် ဆန်း ထွဋ်နဲ့တွေ့ဆုံခိုက်သူ့မိသားစု အကြောင်း ကို မေးကြည့်တော့ ဆန်းထွဋ်က “ကျွန်တော့် မိသားစု အကြောင်းပြောရရင် အရင်က ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးရယ် နှစ်ယောက်တည်း ရှိတယ်။ အဲဒီတုန်းက ကျွန်တော်တော်တော် လေးကို အိမ်ပြန်ချိန်တွေ နောက်ကျတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အပေါင်းအသင်း တအားမက်တယ်။ အိမ်မှာ မရှိသလောက်ပဲ။ အခုဆို ကျွန်တော် အိမ်ပြန်စောပြီ။ ကျွန်တော့်ရဲ့ သမီးလေး သက်လျာဆန်းထွဋ် အတွက် အချိန်တွေ အကုန်ပေးဖြစ်သွားပြီ။ သူငယ်ချင်းတွေနဲ့ အရင်လိုမဆုံဖြစ်တော့ဘူး။ သမီးလေး နဲ့ ပတ်သက်ပြီး မျှော်လင့်တာတွေတော့ ရှိတာပေါ့။ ဖခင်၊ မိခင်တိုင်းမှာ စိုးရိမ်စိတ်တွေ ရှိတာပေါ။ သမီးလေး သက်လျာကြောင့် ကျွန်တော်တို့ မိသားစု အိမ်လေးဟာ စိုပြည်လာတယ်။ အသံတွေလည်း မတိတ်ဆိတ်တော့ဘူး။ သမီးလေးကြောင့် ပျော်စရာကောင်းတဲ့ အိမ်လေးဖြစ်သွားပြီ” လို့ပြောပြီးနောက် “ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီး ဆိုရင် အလုပ်မတူဘူး။ ကျွန်တော်အလုပ်က ရုံးဆင်းချိန်၊ ရုံးတက်ချိန် မရှိဘူး။ လူတကာ နဲ့ပေါင်းသင်း ဆက်ဆံရတယ်။
ဒါတွေကိုသူနားလည်ပေး တယ်၊ ယုံကြည်ပေးတယ်။ ကျွန်တော့် အတွက် ပါရမီဖြည့်ဖက်ကောင်းပါ။ ပြီးတော့ အိမ်ထောင်ရေး တစ်ခုမှာ အဓိကမှာလည်း အိမ်ထောင်ဦးစီး လည်း ဖြစ်တယ်။ အိမ်ထောင်ရှင် အိမ်ထောင်ဦးစီး ဖြစ်ပြီဆိုရင် အိမ်ထောင်ဦးစီး တာဝန်ကို ကျေပါစေ၊ အိမ်ရှင်မလည်း ထို နည်းအတူပဲ။ ပြီးတော့ သားသမီး ရတာလည်း အိမ်ထောင် တစ်ခု တည်မြဲခြင်းရဲ့ အဓိကမှာ ပါတယ်။ သားသမီး ဆိုတာ အိမ်ထောင်တစ်ခုရဲ့ သံယောဇဉ် ဆိုလည်း မမှားဘူး။ ကျွန်တော်တို့နှစ်ယောက် အချိန် ဆိုတာ သမီးလေး အတွက် နဲ့အိမ်မှာပဲ ကုန်နေတာပဲ။ သားသမီးဆိုတာ အိမ်တစ်ခုလုံးရဲ့ သာယာစဖွယ်၊ တွယ်တာ သဖွယ် ရတနာပါ” လို့သမီးလေးနဲ့ အိမ်ထောင်ရေး စိုပြည်သာယာ ပုံကို ဆန်းထွဋ် ကပြောပြခဲ့ပါတယ်။

No comments:

Post a Comment

Flag Counter